NLD ပါတီအား အသရေဖျက်သည့်ကြံ့/ဖွံ့ ကိုယ်စားလှယ်အား ရွေးကောက်ပွဲကော်မီရှင် ခေါ်ယူသတိပေး

NLD ပါတီအား အသရေဖျက်သည့်ကြံ့/ဖွံ့ ကိုယ်စားလှယ်အား ရွေးကောက်ပွဲကော်မီရှင် ခေါ်ယူသတိပေး
by -
ရွှေဟင်္သာ

ရွေးကောက်ပွဲ ကော်မီရှင်မှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအား ချိုးဖောက်၍ မဲဆွယ် စည်းရုံးရေး ပြုလုပ်ခဲ့သည့် နွားထိုးကြီးမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအား ရွေးကောက်ပွဲ ကော်မရှင်မှ ခေါ်ယူကာ သတိပေး၍ ဝန်ခံကတိ ထိုးစေခဲ့ကြောင်း သိရှိရပါသည်။

လသာလမ်းပြင် ကြံ့ဖွံ့ပုံ (ဓါတ်ပုံ အင်တာနက်)
အဆိုပါဖြစ်စဉ်သည် အန်အယ်လ်ဒီ အနေနှင့် ရွေးကောက်ပွဲကြို ကာလအတွင်း မဲဆွယ် စည်းရုံးရေးခရီးစဉ်များ ၌ ပြိုင်ဘက် ကြံ့/ဖွံ့ပါတီ၏ တိိုက်ခိုက်ပုတ်ခတ်မှုများနှင့် ပတ်သက်၍ တရားဝင် တိုင်ကြားမှု ပြုခဲ့ပြီးနောက် သက်ဆိုင်ရာ အစိုးရ ရွေးကောက်ပွဲ ကော်မီရှင်မှ တရားဝင် အရေးယူ ဆောင်ရွက်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

“နွားထိုးကြီး မြို့နယ်မှာ ကြံ့/ဖွံ့ ကိုယ်စားလှယ်လောင်းကနေပြီးတော့ ကျွန်တော်တို NLD ကိုယ်စားလှယ် လောင်းတွေကို ရင့်ရင့်သီးသီး အသုံးအနှုန်းတွေ ဖြစ်တဲ့ ထောင်ထွက်တွေ၊ သူခိုးတွေ အဲလိုမျိုးပေါ့ သုံးစွဲခေါ်ဆို ပြီး ပုတ်ခတ် ပြောဆို မဲဆွယ်ခဲ့တယ်။ နောက်တော့ သသနာ့ အဆောက်အအုံတွေ၊ ဓမ္မာရုံတွေ၊ ဇရပ်တွေ၊ ခန်းမဆောင် တွေကိုလည်း ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းနဲ့ မညီပဲ သုံးစွဲပြီး မဲဆွယ်စည်းရုံးလေး လုပ်ကြ တယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မီရှင်ကို အချက်အလက်တွေနဲ့တကွ တိုင်ကြားထားပြီးသားပါ” NLD ပါတီ၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသွားပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲရက် နီးကပ်လာသည်နှင့်အမျှ ပါတီများမှ သူ့ထက်ငါအပြိုင် မဲဆွယ်စည်းရုံးရေး ပြုလုပ် ခဲ့ကြ လေသည့်အနက် NLD ၏ အဓိကပြိုင်ဖက် ကြံ့/ဖွတ်ပါတီမှ ဥပဒေနှင့် မညီညွတ်သည့် ပြိုင်ဆိုင်မှုများဖြင့် ပြိုင်ဆိုင် မဲဆွယ်ခြင်း၊ NLD ဆိုင်းဘုတ်များအား ဖျက်ဆီးခြင်း၊ NLD ကိုယ်စားလှယ်လောင်းများအား ထိခိုက် နာကျင်အောင် တိုက်ခိုက် စော်ကားခြင်းများနှင့် ရန်လိုသော အပြုအမူများနှင့် ပြုမူ ဆောင်ရွက်လာလျက် ရှိသည်ကို တွေ့ရှိရပါသည်။
20120305_DASSK_NHG_05
“မဲဆွယ်တာကိုတာ့ အပစ်မပြောပါဘူး၊ ဒါပေမယ့် ဥပဒေနဲ့အညီ ဖြစ်ဖို့လိုပါတယ်၊ ကျွန်တော်တို့ ဒီကြားဖြတ် ရွေးကောက်ပွဲ ကို နိုင်ငံတကာ ကိုလည်း လေ့လာစောင့် ကြည့်သူတွေ ဖိတ်ခေါ်ထားပါတယ်၊ ဒီလာမယ့် ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိအောင်နဲ့ သန့်ရှင်းတဲ့ ရွေးကောက်ပွဲ တစ်ရပ် ဖြစ်အောင် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မီရှင်က လမ်းညွှန်ချက် ပေးထားတာ ရှိပါတယ်။ အဲဒါကြောင့် ဒီလို ဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ဆောင်မှုတွေဟာ ကျွန်တော်တို့ ရွေးကောက်ပွဲ ကော်မီရှင် ချမှတ်ထားပြဌာန်းထားတဲ့ ဥပဒေတွေကိုလည့် ဆန့်ကျင်ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်၊ နိုင်ငံတကာ အမြင်မှာလည်း ဒါဟာ အမြင်မကောင်းဘူး၊ ဒါကြောင့် ကျွန်တော်တို့ ခေါ်ယူ သတိပေးရတာပါ”ဟု နွားထိုးကြီး ကော်မီရှင် ရုံးခွဲမှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသွားပါသည်။

နွားထိုးကြီး မြို့နယ်မှ ကြံ့/ဖွံ့ပါတီ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်အောင်ညွှန့်နှင့် အဖွဲ့ဝင် ဦးအောင်ဇော်မြင့်တို့ အား နွားထိုးကြီး ကော်မီရှင်ရုံးှမှ ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးရန်လည် ခေါ်ယူသတိပေးခဲ့ပါသည်။ ကြံ့/ဖွံ့ပါတီ၏ ဥပဒေနှင့် မညီညွတ်သည့် လုပ်ဆောင်ချက်များနှင့် အန်အယ်လ်ဒီ ပါတီအား အသရေဖျက် စွပ်စွဲချက်များသုံးနှုန်းခြင်းနှင့် ပတ်သက်၍လည်း သတိပေး၍ ဝန်ခံချက် ထိုးစေခဲ့ကြောင်း သိရှိရပါသည်။