ကျောက်ဖြူတွင် အိန္ဒိယ လုုပ်သားများကို အရပ်သားများ တိုက်ခိုက်၍ ရဲက သေနတ်ပစ်ဖေါက် လူစုခွဲ

ကျောက်ဖြူတွင် အိန္ဒိယ လုုပ်သားများကို အရပ်သားများ တိုက်ခိုက်၍ ရဲက သေနတ်ပစ်ဖေါက် လူစုခွဲ
by -
နိရဥ္စရာ

ကျောက်ဖြူတွင် အိန္ဒိယ အလုပ်သမားများအား ကျေးရွာသားများက တုတ်၊ဓါး၊ လေးဂွများဖြင့် ၀ုိင်းဝန်း တိုက်ခိုက်သဖြင့် ရဲအဖွဲ့က သေနတ်ပစ်ဖေါက်ကာ လူစုခွဲခဲ့ရကြောင်း သတင်း ရရှိသည်။

india-workers

" ဖြစ်တာက မတ်လ ၂၀ ရက်နေ့ ညမှာ ကြက်တိန်ကျေးရွာ KP 14 လုပ်ငန်းခွင်မှာ ဖြစ်ပါတယ်။ ရွာသား ၆၀ ခန့်က အစောင့်တွေကို လေးဂွတွေနဲ့ စတင် တိုက်ခိုက်ရာကနေ ပြဿနာ ကြီးထွားလာတဲ့ အတွက် ရဲအဖွဲ့က မိုးပေါ်ကို သေနတ် သုံးချက်ပစ်ပြီး လူစု ခွဲခဲ့ရပါတယ်" ဟု ဒေသခံ လူငယ် တစ်ဦးက ပြောသည်။

အတိုက်ခံရသော အိန္ဒိယ လုပ်သားများမှာ Punj Lloyd အိန္ဒိယ ကုမ္ပဏီမှ ဖြစ်ပြီး ကျေးရွာသားများက မကျေနပ််မူများ တိုးပွားနေရာမှ ၀ိုင်းဝန်း တိုက်ခိုက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

" သူတို့က ဒေသခံ ရွာသားတွေကို မလေးမစား လုပ်တာတွေ များလာတဲ့ အခါ မကျေနပ်မူတွေ များလာပြီးတော့ ကျေးရွာသားတွေက တိုက်ခိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာ ရတာက အနည်းအကျဉ်းရှိတယ်လို့ သိရပါတယ်" ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကျောက်ဖြူမြို့နယ်မှ တာဝန်ရှိသူ ဦးသန္တာမောင်က ပြောသည်။

ကြက်တိန် ကျေးရွာသားများသည် အိန္ဒိယ လုပ်သားများကို တိုက်ခိုက်စဉ် အတွင်း မြေထိုးစက်ကြီးများ၊ ကရိန်း မောင်းတံများကိုလည်း ဖျက်ဆီးပစ်ကာ စက်သုံးဆီများကိုလည်း ထုတ်ယူ မီးရှို့ ပစ်ကြသည်ဟု ဆိုသည်။

အိန္ဒိယ လုပ်သားများနှင့် ရွာသားများမှာ တဘက်နှင့် တဘက် ရိုက်ပုတ်ကြသည့် အထိ အခြေအနေ ရောက်ရှိလာပြီး ရဲအဖွဲ့က မိုးပေါ်ကို သေနတ်ချက် သုံးချက်တိတိ ထောင်ပစ်ဖေါက်ပြီးမှ ရွာသားများ ထွက်ပြေးသွားကြသည်ဟု ဒေသခံ လူငယ်က ပြောသည်။

ကျောက်ဖြူရဲစခန်းသို့ အဆိိုပါ သတင်းနှင့် ပတ်သက်ပြီး မေးမြန်းရာ တာဝန်ကျ ရဲအရာရှိက မိမိတို့ အနေဖြင့် ထိုသတင်းကို လက်ခံရရှိခြင်း မရှှိသေးသဖြင့် မပြောနိုင်ကြောင်း ပြောကြားသည်။

ကြက်တိန်ကျေးရွာမှာ ကျောက်ဖြူမှ ကုန်းမိုင် (၁၂) မိုင်ခန့် ဝေကွာပြီး အဆိုပါ ကျေးရွာအနီးတွင် အိန္ဒိယ Punj Lloyd ကုမ္ပဏီမှ စီမံကိန်း တစ်ခုကို လုပ်ကိုင်နေကြောင်း သိရသည်။

Most read this week