တိုးတက်သော ဗုဒ္ဓဘာသာကရင် အမျိုးသားတပ်မတော် (DKBA) မှ ခေါင်းဆောင်များကို မိုင်းခွဲတိုက် ခိုက်ရန် ကေအဲန်ယူ တပ်မဟာ (၇) မှ ကြိုးပမ်းမှုရှိခဲ့သည်ဟု ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မောင်လေးက ရွှေဟင်္သာသတင်းဌာနကို ယမန်နေ့ ကပြောပါသည်။
“ ကျနော်တို့နောက်ကျမှ ထုတ်ပြန်လိုက်ရတယ်ဆိုတာက သေချာဖို့အတွက် အချိန်ယူစီစစ်နေတာပါ။ အခုတော့ သေချာသွား ပြီးဖြစ်တဲ့အတွက် ကျနော်တို့ထုတ်ပြန်တာပါ ။ သဘောကတော့ ကရင်အဖွဲ့အစည်း တိုင်းပေါ့လေ ကရင် အချင်း ချင်းသွေး စည်းညီညွတ်ရေးကို ဆောင်ရွက်တော့မယ်ဆိုရင် ပါးစပ်နဲ့မဟုတ်ဘဲနဲ့ လက်တွေ့ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီလို အကြောင်းတရားမျိုး မဖြစ်ပေါ်လာအောင် ကျနော်တို့ ကရင်အဖွဲ့အစည်းတိုင်း မှာ တာဝန်ရှိသလို ထိန်းသိမ်းကြဖို့ လည်းလိုအပ်တဲ့အတွက် ထုတ်ဖေါ်ပြောကြား လိုက်ရတာပါ” ဟုဆိုပါသည်။
တိုးတက်သော ဗုဒ္ဓဘာသာကရင် အမျိုးသားတပ်မတော် (DKBA) ကလို့ထူးဘောတပ်ဖွဲ့၏ လက်အောက်ခံဖြစ် သော ကလို့ ထူးလားကွပ်ကဲရေး ဌာနချုပ်ရှိ အမှတ် (၉၀၄) တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖိုးလုံး ထံသို့ ပြီးခဲ့သည့် မတ်လ (၃) ရက်နေ့တွင် လာရောက် ပူးပေါင်းခဲ့သော ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၇) မှ တပ်မဟာဖေါက်ခွဲရေး နယ် မြေတာဝန်ခံဖြစ်သူ စောသန်းဦးမှ ထုတ်ဖော်ချက်အရသိရ ကြောင်း ပြောပါသည်။
စောသန်းဦးက ဒီကေဘီအေအဖွဲ့ ခေါင်းဆောင်များအား လုပ်ကြံရန် ကြံစည်ခဲ့သည့် အစီစဉ်များကိုဖွင့်ဟခဲ့ ကြောင်းဒီကေ ဘီအေ ပြောခွင့်ရသူ ဗိုလ်မှူးမောင်လေးက ပြောကြားလိုက်ခြင်းသည်။ အသက် (၂၇) နှစ်ရှိသော စောသန်းဦးသည် ကေ အန်ယူတပ်မဟာ (၇) တပ်မဟာစစ်ကြောင်းမှ တပ်မှူးများ၏ စေခိုင်းချက် အရ ဒီကေဘီအေ ခေါင်းဆောင်များ အားမိုင်းခွဲ တိုက်ခိုက်ရန် စေခိုင်းခြင်းကို မလုပ်နိုင်သဖြင့် ပူးပေါင်းလာပြီး နောက်ယခုလို သက်သေအထောက် အထားများနှင့် တကွ ဒီ ကေဘီအေထံ ဖေါ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု သူကဆိုသည်။
စောသန်းဦးထွက် ဆိုခဲ့သည်မှာ- လှိုင်းဘွဲမြို့နယ်ရှိ မဲသဝေါ - ကျုံထော ကားလမ်းတလျှောက် ဖြတ်သန်းသွား လာနေသော ဒီကေဘီအေ ထိပ်ပိုင်းခေါင်းဆောင်များကို မိုင်းဖြင့် တိုက်ခိုက်ရန်အတွက် ဖေဖေါ်ဝါရီ (၂၈) ရက်နေ့ကတည်းက ၄င်းကိုယ် တိုင်မြှုပ်နှံ ထားသည့် မိုင်းကို အဝေးထိန်းစနစ်ဖြင့် ဖေါက်ခွဲရန် စီစဉ်ထားခဲ့ သည်ဟု ဆိုသည်။ ထို့အတွက်ကြောင့် ဒီကေဘီ အေ တပ်ရင်း (၉၀၄) မှ တပ်ရင်း မှူးကိုယ်တိုင်သွားရောက် ဖေါ်ထုတ်ရာ ဆက်သွယ်ရေးစက်နှင့် ဖောက်ခွဲရေး ပစ္စည်းများ ကိုရရှိခဲ့သည်ဟု ဒီကေဘီအေ ပြောခွင့်ရသူ ကပြောသည်။
ကေအန်ယူ အထွေအထွေ အတွင်းရေးမှုး နော်စီရာဖိုးစိန်ကလည်း ယခုကိစ္စနှင့် ပတ်သက်ပြီး လောလောဆယ် တွင် ကေ အန်ယူ ထိပ်ပိုင်းခေါင်းဆောင်များ အနေဖြင့် မကြား သိရသေးကြောင်း အကယ်၍ ဖြစ်ခဲ့မည် ဆိုလျှင်လည်း ဗဟိုပေါ်လစီ မဟုတ်ကြောင်း ပြောသည်။
“ ကျမတော့ ဒီသတင်းကို မကြားသေးပါဘူး၊။ တခုတော့ ရှိတာပေါ့လေ ဖြစ်မယ်ဆိုရင်လည်း ကျမတို့ရဲ ့အောက်ခြေမှာ ဖြစ်တဲ့ကိစ္စဘဲ ထင်ပါတယ်။ ပေါ်လစီအရ ကေအန်ယူဗဟိုမှာ မရှိပါဘူး။ အမျိုးသားပြန်လည် သင့် မြတ် ရေးကို ကျမတို့ လည်း တည်ဆောက်နေ ပါတယ်လို့” သူကပြောသည်။
ဒီကေဘီအေ အနေဖြင့်လည်း ကရင်အမျိုးသား သင့်မြတ်ရေးကို လိုလားကြောင်း ဗိုလ်မှူးမောင်လေးက ပြောသည်။
“ကျနော်တို့အနေနဲ့ ကရင်အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ ပါ၀င်သင့်တဲ့ ကရင်လူမျိုးရေး ဆိုင်ရာ အဖွဲ့အ စည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက် လိုပါတယ် ။ ပြီးခဲ့တဲ့ပြဿနာ အားလုံးကို အကောင်းမြင်ဝါဒနဲ့ ရှု့ မြင်ပြီး အပြုသဘော ဆောင်တဲ့ ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ရန် လိုအပ်သလို ရရှိလာအောင်လည်း ကြိုးစားစေလိုကြောင်း တိုက် တွန်းချင်ပါတယ်။”
ယခုကဲ့သို့ လုပ်ကြံမှုအား DKBA ဘက်မှ ထုတ်ဖော်မပြောခင် ကရင်အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆောင်ရွက်ရန် ပဒိုစောလှငွေ ဦးဆောင်သော ကေအန်ယူ ဗဟိုအဖွဲ့နှင့် DKBA တို့ ပြီးခဲ့သည့် မတ်လ (၉) ရက်နေ့က ဒီကေဘီအေ ဆုံစည်း မြိုင်စခန်းတွင် ကရင်အမျိုးသားပြန်လည် သင့်မြတ်ရေးကို တွေ့ဆုံဆွေးနွေးခဲ့သည်။