သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အထိရောက်ရှိ သွယ်တန်းနေသည့် ရေနံနှင့်ဂက်စ်ပိုက်လိုင်း စီမံကိန်း အတွက် ပိုက်လိုင်းတင်ကားများ ဒေသအတွင်း ဖြတ်သန်းသွားလာနေရာ နမျ့်ခမ်း - မုံးဝီးကားလမ်း ဆိုးရွားစွာပျက်စီးနေပြီးအာ ဏာပိုင်များက လျစ်လျူရူထားကြောင်း သိရသည်။
ကတ္တရာခင်းထားသော နမ့်ခမ်း - မုံးဝီးကားလမ်းတစ်လျှောက် ကတ္တရာများ ကွာကျကုန်သည်အထိ ပျက်စီး နေခြင်း ဖြစ်ပြီး ပြန်လည် ပြုပြင်ခြင်းမရှိသဖြင့် ကားလမ်းနံဘေး ကျေးရွာများမှ ဒေသခံများ အခက်အခဲ ဖြစ်နေကြောင်း နမ့်တီး ရွာသား တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
"ဂက်စ်ပိုက်လိုင်းကားတွေက တစ်နေကုန် ဖြတ်တာ အစီးရေဆိုရင် တစ်ရက်ကို ၅၀ အထက်ရှိတယ်တန်ချိန်က လည်း ကားတစ်စီးကို တန် ၃၀ အထက်ရှိမယ် အရင်ကတ္တရာလမ်းက အခုမြေသားလမ် းပြန်ဖြစ်သွားပြီ ဒီကိစ္စကို စည်ပင်သာ ယာ ၊ ထောက်လှမ်းရေးတပ်စွယ်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ခဏခဏ ဓါတ်ပုံလာရိုက်တယ် ဒါပေမဲ့အခုအထိ လာမပြင် ပေးသေးဘူး" ဟု သူက ဆိုသည်။
အဆိုပါ ကားလမ်းဘေးရှိ ရွာများမှာ ဖုံတထောင်းထောင်းထသည့် ဒဏ်ခံနေရသည့် အပြင်ဂက်စ်ပိုက်လှိုင်း တင်ကားများ လမ်းပေါ်ရပ်တန့် နေစဉ် ယာဉ်ကြောပိတ်ဆို့မှုကြောင့် သွားရေးလာရေးအခက်အခဲပါ ကြုံတွေ့ နေရသည်ဟု ဆိုသည် ။
"ဖုံတွေကလည်း တထောင်းထောင်းနဲ့ အဲဒီယာဉ်တန်းတွေ ရပ်နေပြီဆိုရင် ဆိုင်ကယ်တောင်မောင်းလို့မရ တော့ဘူး လယ်ထဲ သွားမယ်ဆိုရင် ထော်လာဂျီနဲ့သွားရတော့ အခက်အခဲဖြစ်တာပေါ့ နမ့်တီးရွာအပါအဝင် ကားလမ်းတစ် လျှောက် ရွာတွေ အကုန်လုံး ဒီဒဏ်တွေကိုခံနေရတယ်" ဟု ဆိုသည်။
အဆိုပါကိစ္စအား မကျေနပ်သည့် ရွာသားများမှ ကျားဖြူပါတီသို့ တိုင်ကြားထားသော်လည်း ယနေ့အထိ မည်သို့မျှ အရေးယူဆောင်ရွက်ပေးခြင်း မရှိကြောင်းသူက ဆက်ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှ တရုတ်နိုင်ငံ ကူမင်းမြို့အထိ သွယ်တန်းနေသည့် ရေနံနှင့်ဂက်စ်ပိုက်လှိုင်း စီမံကိန်း အတွက်သျှမ်းပြည်(မြောက်ပိုင်း) အတွင်း ပိုက်လိုင်းများ ဖြတ်သန်းသွယ်ယူနေရာ ယခုအခါ နမ့်ခမ်းမြို့နယ် မန့်ဟောင်း ရွာ အထိ ရောက်ရှိနေပြီ ဖြစ်ပြီး ပိုက်လိုင်းကြောင့် ဖျက်သိမ်းခံရသည့် လယ်မြေများအတွက် အာဏာပိုင်များ ပေးသည့် လျော်ကြေးငွေ နည်းပါးလွန်းသဖြင့် အချို့ရွာများတွင် ပြဿနာဖြစ်ပွားနေကြောင်း သိရသည်။