သတင်းပေးလား၊ မူးယစ် ကုန်ကူးသူလား

သတင်းပေးလား၊ မူးယစ် ကုန်ကူးသူလား
by -
ကုလားတန်

မောင်တောမြို့နယ်၊ ကံပြင်ကျေးရွာနေ အောင်သန်းနိုင် နှင့် ညီညီ ခေါ် ကော်ဖြူတို့သည် မောင်တောမြို့ရှိ အာဏာပိုင် အချို့နှင့် ပူးပေါင်းပြီး ဘင်္ဂါလာဒေရှ် နိုင်ငံသို့ မူးယစ်ဆေးဝါး မှောင်ခို ကုန်ကူးနေကြောင်း ၎င်းကျေးရွာမှ အမည်မဖေါ်လိုသူတဦး မှ ပြောပြသည်။

အောင်သန်းနိုင် နှင့် ညီညီတို့သည် သက်ဆိုင်ရာ အာဏာပိုင်များ၏ အကူအညီဖြင့် မူးယစ်ဆေးဝါးများကို  ၎င်းတို့နေထိုင်ရာ ကျေးရွာမှ တဆင့် ဘင်္ဂါလာဒေရှ်နိုင်ငံ၊ တဲခ်နာဖ်မြို့နယ်ရှိ မြစ်နားရွာသို့ ပေးပို့လျက်ရှိ ကြောင်း၊ မူးယစ်ဆးဝါးရောင်းရာငွေများကို အချို့ကျ ခွဲဝေလေ့ရှိကြောင်း ၎င်းကပင် ပြောဆိုသည်။

သို့သော် အောင်သန်းနိုင် နှင့် ညီညီ တို့သည် မောင်တောမြို့နယ် ရဲ နှင့် ထောက်လှမ်းရေးများ ကို မောင်တောမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်လှုပ်ရှားနေသည့် အခြေအနေများကို သတင်းပေးပြီး ဖမ်းဆီး ခိုင်းစေခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ် လှုပ်ရှားသူများမှ ငွေညှစ် စားနိုင်အောင် သတင်းပေးခြင်းများကို လည်း လုပ်ကိုင် နေကြောင်း မောင်တောမြို့ရှိ မူးယစ်ဆေးဝါး စောင့်ကြည်သည့် အဖွဲ့ဝင်တဦးမှ  ပြောပြသည်။

၎င်းတို့နှစ်ဦးသည်  ရဲ နှင့် ထောက်လှမ်းရေးမှ ဖမ်းဆီးမိသော မူယစ်ဆေးဝါးများကို ဘင်္ဂါလာဒေရှ်နိုင်ငံသို့ ပြန်လည်ပေးပို့ရောင်းချလျက်ရှိကြောင်း ပြောသည်။

မောင်တောမြို့သည် ဘင်္ဂါလာဒေရှ်နိုင်ငံသို မူးယစ်ဆေးဝါး မှောင်ခို ခိုးသွင်းသည့် တံခါးပေါက်တခုဖြစ်ကြောင်း၊ မောင်တောမြို့တွင် တာဝန်ကျနေသော အရာရှိများ၊ ၀န်းထမ်းများသည် အလွယ်တကူ ငွေရ လွယ်ကူသော မူးယစ်ဆေးဝါးရောင်းဝယ်မှုများတွင် ပါ၀င်နေကြောင်း၊ မြို့နယ်လူငယ်ပိုင်းသည်လည်း တစတစ မူးယစ်ဆေးဝါး သုံးစွဲလာနေသည့်အပြင် ရောင်းဝယ်မှုများတွင်လည်း ပါ၀င်လာနေကြောင်း၊ ကျောင်းသား လူငယ်များသည် လည်း ပျက်စီးနေကြောင်း ပြောပြသည်။ အာဏာပိုင်များ ကိုယ်တိုင်ပါ၀င်နေသဖြင့် မူးယစ် ဆေးဝါး ရောင်းဝယ် မှုများကို တိရောက်စွာ အရေးယူခြင်းမရှိကြောင်း ပြောပြသည်။

Most read this week