နယ်စပ်တွင် မြန်မာတပ်များ တိုးချနေကြောင်း သတင်းများ ပျံ့နှံ့

နယ်စပ်တွင် မြန်မာတပ်များ တိုးချနေကြောင်း သတင်းများ ပျံ့နှံ့
by -
နိရဥ္စရာ

ရေပြင်ပိုင်နက် အငြင်းပွားမူ စီရင်ချက် ထွက်လာပြီး နောက်ပိုင်း မြန်ဘက်က နယ်စပ် တလျှောက်တွင် စစ်တပ်များ တိုးချဲ့ ချထားနေကြောင်း နယ်စပ် တလျှောက်၌ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်ဟု သတင်းများ ရရှိသည်။

မြန်မာနယ်စပ် ခြံစည်းရိုးများနှင့်တွေ့ရစဉ် (ဓါတ်ပုံ- Star)
" အခု ကျွန်တော်တို့ သိရသလောက် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း၊ တောင်ပြို၊ တမန်းသားဘက်မှာ စစ်တပ်တွေ တိုးချထားတယ်ဆိုပြီး သတင်းတွေ ရပါတယ်။ ဘူးသီးတောင် မြို့နယ် မြောက်ဘက် နယ်စပ်ကိုလည်း စစ်တပ်တွေကို ပို့နေတယ်ဆိုပြီး သတင်းရပါတယ်" ဟု တက်ကနက်တွင် ရောက်ရှိနေသော နိရဥ္စရာ သတင်းထောက် ကိုခိုင်သိန်းက ပြောသည်။

မောင်တောမြို့တွင် အခြေအနေမှာ ပုံမှန်အတိုင်း ရှိနေကြောင်း၊ သို့သော်လည်း ဘင်္ဂလာဒေချ့်နှင့် နီးစပ်သော နယ်စပ် ဒေသများတွင် အခြေအနေမှာ ထူးခြားမူ ရှိနေကြောင်း သူက ပြောသည်။

" စစ်တပ်တွွေ ရောက်နေတဲ့ သတင်းကတော့ တော်တော့ကို ကျယ်ကျယ်ပြန့်ပြန့် သတင်းတွေ ထွက်နေ ပါတယ်။ ဒါကြောင့် ဘင်္ဂလာဒေချ့်ဘက်က ထောက်လှမ်းရေးတွေလည်း ဒီသတင်းကို ဟုတ် မဟုတ်ကို စုံစမ်းဖို့ နယ်စပ်တလျှောက်မှာ ရောက်နေကြတယ်။ နယ်စပ် တလျှောက်မှာရှိတဲ့ ဘင်္ဂလာဘက်က ရခိုင်ရွာတွေကို လာပြီး စုံစမ်း မေးမြန်းတာတွေလည်း ရှိနေပါတယ်" ဟု ကိုခိုင်သိန်းက ဆက်ပြောသည်။

ဘူးသီးတောင်တွင််လည်း လူတင် သင်္ဘော (၅) စီးကို စစ်တပ်က ချောဆွဲထားပြီး နယ်စပ်သို့ စစ်တပ်များကို စေလွှတ်ရန် စီစဉ်နေကြောင်း အမည် မဖေါ်လိုသူ အရာရှိ တစ်ဦးက ပြောသည်။

ဘင်္ဂလာဒေချ့် ရုပ်သံ သတင်းဌာနများနှင့် သတင်းစာများကလည်း မြန်မာတပ်များ နယ်စပ်တွင် စုရုံးရောက်ရှိနေ သည်ဟုဆိုကာ သတင်းများ ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းများကြောင့် စစ်တကောင်းတိုုင်း နယ်ခြား စောင့်တပ်ဖွဲ့ ဘီဂျီဘီ တိုင်းမှူး ကာနယ် ဘချီရု အစ္စလာမ်သည် ယမန်နေ့က မြန်မာနှင့် ကပ်ရပ်တည်ရှိရာ နတ်ကျောက်ဆရီ နယ်စပ် ဒေသ တလျှောက် သွားရောက်ပြီး အခြေအနေများကို (၇) နာရီကြာ စစ်ဆေးခဲ့သည်။

၎င်းပြင် ကော့စ်ဘဇား အခြေစိုက် အမှတ် (၁၇) တပ်မှူး ဒုဗိုလ်မှူးကြီး ခါလီ ကွာဇမန် သည်လည်း မနေ့ညနေ (၅) နာရီက နယ်စပ် တလျှောက်သို့ သွားရောက်ကာ စစ်ဆေးမူများ ပြုလုပ်ခဲ့သည်။

၎င်းနောက်ပိုင်း နယ်စပ် တလျှောက်တွင် မြန်မာဘက်မှ တပ်များ တိုးချဲ့ချထားခြင်းမှာ မဟုတ်မှန်ကြောင်း ပြောဆိုပြီး ဘင်္ဂလာဒေချ့်က ပယ်ချခဲ့သည်။ “ အဆိုပါ သတင်းများမှာ ၀ါဒဖြန့်ချီရေး သက်သက်ထက် မပိုပါဘူး” ဟု ခါလီ ကွာဇမန်က ပြောသည်။

Most read this week