တောင်းဆိုချက်များ ရမှသာ မိမိနိုင်ငံသို့ပြန်မည်ဟု ဒုက္ခသည်များပြော

တောင်းဆိုချက်များ ရမှသာ မိမိနိုင်ငံသို့ပြန်မည်ဟု ဒုက္ခသည်များပြော
by -
ကုလားတန်

ဘင်္ဂလားဒေရှ့်နိုင်ငံတွင် နေထိုင်သော ရိုဟင်ဂျာ ဒုက္ခသည်များ အနေဖြင့် ၎င်းတို့၏ တောင်းဆိုချက်များ ရရှိမှ သာ မြန်မာနိုင်ငံသို့ ပြန်သွားမည် ဖြစ်ကြောင်း “နော်ယာပါရာ” ဒုက္ခသည် စခန်းတွင် နေထိုင်သူ ဒုက္ခသည် ခေါင်းဆောင် တဦး က ပြောသည်။

“ကျနော်တို့ ဘင်္ဂလားဒေရှ့် နိုင်ငံသို့ ယာယီခိုလှုံရန် အတွက် လာခြင်း ဖြစ်ပါတယ်။ အမြဲတန်း နေထိုင်ရန်  လာခြင်း  မဟုတ၊် နိုင်ငံရေးအခြေအနေ ကောင်းမယ်ဆိုရင် ပြန်သွားမှာဖြစ်တယ်” ဟု ပြောသည်။

နေရပ်သို့ ပြန်သွားနိုင်ရန်  အချက် ၄ ချက်ပါ၀င်သော တောင်းဆိုချက် တခုကို ဒုက္ခသည်များက တောင်းဆို ထားသည်။

၄င်းတောင်းဆိုချက်များမှာ နိုင်ငံသားရပိုင်ခွင့်၊  နိုင်ငံသားနှင့် တိုင်းရင်းသားဖြစ်မှု၊ အခြားတိုင်းရင်းသားများ နည်းတူ တန်းတူ အခွင့်ရရှိရေး၊  ရိုဟင်ဂျာလူမျိုးများအား ကွက်ပြီး ဖိနှိပ် ချုပ်ချယ်မှုကို ရုပ်သိမ်း ပေးရန် နှင့် ဆုံးရှုံးခဲ့သော ပစ္စည်းပစ္စယများ အတွက် လျော်ကြေး ပေးရန်တို့ ဖြစ်သည်။

အကယ်၍ အထက်တွင် ဖော်ပြထားသော အချက်လက်များကို ဖြည့်စွက်ပေးခြင်း မရှိပဲ အတင်းအဓမ္မ နေရပ်သိ ု့ပြန်ပို့မည် ဆိုပါက ဒုက္ခသည်များ အနေဖြစ် စခန်း မှ ထွက်ခွါ သွားရန်သာ ရှိကြောင်း ဒုက္ခသည် စခန်း မှ တာဝန်ရှိသူ တဦးကပြောသည်။

မတ်လ (၁၃) ရက်နေ့က ဘင်္ဂလားဒေရှ့်နိုင်ငံ စားနပ်ရိက္ခာ နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ၀န်ကြီး မူဟာမတ်အဒူရာဇက်သည် ဥပရောပနိုင်ငံများဆိုင်ရာ အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ EskoKentrschynshyi နှင့် တွေ့ဆုံခဲ့ပြီး ဒုက္ခများကို နေရပ်သို့ ပြန်လည် ပို့ဆောင်ရေးတွင် အကူအညီပေးရန် တောင်းဆိုခဲ့သည်။

၀န်ကြီးမှ  ဒုက္ခသည် စခန်း ၂ ခုဖြစ်သော ကူတူးပါလောင် နှင့် နော်ယါပါရာ စခန်းနှစ်ခုတွင် ဒုက္ခသည် စုစုပေါင်း ၂၄၀၀၀ ရှိပြီး ဒုက္ခသည် စခန်းအနီး တဝိုက် နှင့် ဘင်္ဂလား- မြန်မာ နယ်စပ်တလျှောက်တွင် ၄င်း၊ တခြား ဘင်္ဂလားဒေရှ့်နေရာ အနှံံ့အပြားတွင် ၄င်း၊ ၃ သိန်းမှ ၄ သိန်းအထိ နေထိုင် နေကြောင်း၊ ၄င်းတို့ကြောင့် မလိုလားအပ်သော လူမှုရေး ပြသနာများ ဖြစ်ပေါ်နေကြောင်း၊ စီးပွားရေးအရ လည်း ထိခိုက် နှစ်နာနေကြောင်း ပြောခဲ့သည်။

၀န်ကြီး၏ မေးခွန်း နှင့် ပတ်သတ်ပြီး EU အဖွဲ့က  ဖြေကြားခဲ့သည်မှာ ရိုဟင်ဂျာ ဒုက္ခသည်များ မိမိနေရပ် သို့  ပြန်သွားရန် အတွက် Euro ယူရို သန်း ၁၀၀ ကိုအကူညီပေးမည် ဖြစ်ကြောင်းပြောဆိုသည်။

မြန်မာ အစိုးရ၏ နှိပ်စက်ဖိနှိပ် မှုကြောင့် ၁၉၉၀ ခုနှစ်မှစ၍ ထွက်ပြေးလာသည့် ဒုက္ခသည်များအား လူမှုရေး အရ ဆောင်ရွက် ပေးနေသော NGOs များကိုလည်း အကူညီပေးခဲ့ပြီး ဖြစ်ကြောင်း ပြောသည်။ ယင်းအကူညီ ကို ဒုက္ခသည်များ၏ အခြေအနေကို လေ့လာစုံစမ်းပြီးမှသာ ပေးခဲ့ခြင်းဖြစ်သည်။

ဘင်္ဂါလာအစိုးရ၏ ပေါ်လစီမှာ ရိုဟင်ဂျာဒုက္ခသည်များ နေရပ်သို့ ပြန်ရန် အားပေးကူညီသည့် NGOs များကို သာ ဒုက္ခသည်စခန်း များတွင် သွားရောက် လုပ်ကိုင်ခွင့် ပြုမည် ဖြစ်သော်လည်း၊ ၎င်း NGO များသည် သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်များ၏ ခွင့်ပြုချက်များဖြင့််သာ ခွင့်ပြုမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။

ဆက်လက်ပြီး ဒုက္ခသည်များ အရေးကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် ပေးနေကြောင်း ၊ NGOs များ၏ ဒုက္ခသည်စခန်းများအတွင်း လုပ်ဆောင်ချက်များကို ကန့်သတ်ထားခြင်းမှာ နောက်ထပ်ရိုဟင်ဂျာ ဒုက္ခသည်များ ဘင်္ဂလာဒေရှ့်နိုင်ငံသို့ ၀င်ရောက်ခြင်းကို အားမပေး စေလိုကြောင်း ၎င်းဝန်ကြီးကပင် ပြောပြသည်။

အစည်းအဝေး တက်ရောက်သော ဥရောပနိုင်ငံများ အဖွဲ့တွင် စုစုပေါင်းပုဂ္ဂိုလ် ရ ဦးပါ၀င်ပြီး ဥရောပနိုင်ငံများ ဆိုင်ရာအဖွဲ့၏ ခေါင်းဆောင် William, သံမှူး Fabrizir Senesi,လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအဖွဲ့ တာဝန်ခံ David Hill, အထူးကျွမ်းကျင်သူများ ဖြစ်ကြသော Oliver Brouant, Abdul Awal နှင့် Christopher Gadrey တို့ ပါ၀င်သည်။

ဘင်္ဂါလာဒေရှ် နိုင်ငံ ၊ နေရာချထားရေး နှင့် ဒုက္ခသည်များဆိုင်ရာ ကော်မီရှင်အဖွဲ့ဝင် ဆာလာယုဒ္ဒိန် က မူ “ဒုက္ခသည်များကို ယခု နေရပ်သို့ ပြန်ပို့ရန် အစိုးရ၏ စီစဉ်နေခြင်းကို မသိရသေးကြောင်း၊ အကယ်၍ ပြန်ပို့မည်ဆိုပါက အတင်းအဓမ္မ ပို့မည်မဟုတ်ကြောင်း၊ ဒုက္ခသည်များ၏ ၆၀ ရာခိုင်းနှုန်းမှာ ဒုက္ခသည်စခန်းတွင် မွေးဖွားခဲ့သည့် ကလေးများသာဖြစ်ကြောင်း၊ ဒုက္ခသည်များ မိမိနိုင်ငံသို့ ပြန်သွားမည်ဆိုပါက ကလေးများ အတွက် ကောင်းမွန်မည်သာဖြစ်တယ်” ဟုပြောသည်။

ရိုဟင်ဂျာ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွင် နေထိုင်သည်မှာ နှစ်ပေါင်း ၂၃ နှစ် ကြာသွားပြီးဖြစ်သည်။