ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီး အငြင်းပွားရေပြင်ပိုင်နက် စီရင်ချက်ကို နားထောင်ရန် ဂျာမဏီသို့ထွက်ခွာ

ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီး အငြင်းပွားရေပြင်ပိုင်နက် စီရင်ချက်ကို နားထောင်ရန် ဂျာမဏီသို့ထွက်ခွာ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မိုနီသည် ကုလသမဂ္ဂ ခုံရုံးမှ အငြင်းပွား ရေပြင်ပိုင်နက် စီရင်ချက်ကို နားထောင်ရန် ယနေ့ ဂျာမဏီ နိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။

Dispute-water
ITLOS ဟု လူသိများသော ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ ရေပြင်ပိုင်နက် အငြင်းပွားမူ ဖြေရှင်းရေး ဆိုင်ရာ ဂျူရီခုံရုံးမှ တရားသူကြီး ၂၃ ဦးက မြန်မာနှင့် ဘင်္ဂလာဒေချ့် အကြား အငြင်းပွားနေသော ရေပြင်ပိုင်နက်အား မြန်မာက ပိုင်မည်လား၊ ဘင်္ဂလာဒေချ့်က ပိုင်မည်လား ဆိုသည်ကို မတ်လ ၁၄ ရက်နေ့ ဂျာမဏီ စံတော်ချိန် ၁၁ နာရီ ၃၀ မိနစ်တွင် ဂျာမဏီနိုင်ငံ ဟန်းဘက် ( Hamburg) ၌ စီရင်ချက် ချမှတ်မည် ဖြစ်သည်။

ဒီပူရ် မူနီနှင့် အတူ ဘင်္ဂလာဒေချ့် အရာရှိကြီးများလည်း အတူလိုက်ပါသွားကြောင်း သိရသည်။

ယခု ကုလမသဂ္ဂ ခုံရုံးမှ ဆုံးဖြတ်ချက်မည့် စီရင်ချက် နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး မြန်မာနှင့် ဘင်္ဂလာဒေချ့်တို့မှ နောက်ထပ် အသနားခံလွှာကို တရားရုံးတင်၍ မရတော့ကြောင်း သိရသည်။

စီရင်ချက်အား တရားသူကြီး Jose Luis Jesus မှဖတ်ကြားမည် ဖြစ်သည်။

Most read this week