ကေအန်ယူသို့ ထိုးစစ် စစ်အစိုးရနှင့် ဒီကေဘီအေ အရှိန်လျော့

ကေအန်ယူသို့ ထိုးစစ် စစ်အစိုးရနှင့် ဒီကေဘီအေ အရှိန်လျော့
by -
မေကျော်
၎င်းတို့၏ စစ်တပ်ဖွဲ့အား စစ်အစိုးရတပ်နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်တို့၏ ပူးတွဲ ထိုးစစ်ဆင်မှုသည် ယနေ့တွင် သိသာစွာ အရှိန်လျော့ကျသွားကြောင်း ကရင်အမျိုးသား အစည်းအရုံးက ပြောဆို ...

ချင်းမိုင် (မဇ္စျိမ)။     ။ ၎င်းတို့၏ စစ်တပ်ဖွဲ့အား စစ်အစိုးရတပ်နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်တို့၏ ပူးတွဲ ထိုးစစ်ဆင်မှုသည် ယနေ့တွင် သိသာစွာ အရှိန်လျော့ကျသွားကြောင်း ကရင်အမျိုးသား အစည်းအရုံးက ပြောဆိုသည်။

ယခုလ ၂ ရက်နေ့မှ စတင်၍ စစ်အစိုးရ ပူးပေါင်းတပ်က ကရင်ပြည်နယ် ဘားအံံခရိုင်အတွင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - ကေအန်အယ်အေ၏ တပ်မဟာ ရ နယ်မြေကို ထိုးစစ်ဆင်နေရာ ယနေ့တွင် ထိုးစစ်အရှိန် လျော့ကျသွားကြောင်း ပြောဆိုခြင်းဖြစ်သည်။

“ဒီနေ့တော့ အခုထိ (နံနက် ၁၁ နာရီ ) လက်နက်ကြီး ၄ ကြိမ်လောက်ပဲ ပစ်တယ်။ မနေ့ကတော့ လက်နက်ကြီး အလုံး ၈ဝ လောက် ပစ်တယ်။ ဒီနေ့တော့ သိသိသာသာ အရှိန်လျော့သွားတာပေါ့” ဟု ကေအန်ယူ အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက မဇ္စျိမကို ပြောသည်။

စစ်အစိုးရနှင့် ဒီကေဘီအေ ဘက်မှ တပ်သား ၂ဝ ခန့် ကျဆုံးခဲ့ပြီး၊ ၅ဝ ခန့် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သူက ဆိုသည်။

“သူတို့ဘက်က သိပ်မတက်ရဲတာ။ ကျနော်တို့ ဘက်မှာလည်း လက်နက်ကြီး ထိတာတွေ ရှိပါတယ်။ ၂ ယောက်၊ ၃ ယောက်ပေါ့” ဟု သူက ဆက်ပြောသည်။

ပူးပေါင်းတပ်များက လက်နက်ကြီးများကို အဓိက အားကိုး၍ ထိုးစစ်ဆင်ရာတွင် ယ်နေ့အထိ လက်နက်ကြီး အလုံး ၂ဝဝ ကျော်အထိ ပစ်ခတ်ခဲ့ပြီး၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းဘက်သို့ တိုက်ပွဲကာလအတွင်း လက်နက်ကြီးကျည် ရ လုံး ကျရောက်ခဲ့ကာ တလုံးမှာ မပေါက်ကွဲခဲ့ကြောင်း သိရသည်။

စစ်အစိုးရ၏ ထိုးစစ်ကြောင့် ကရင် စစ်ပြေးဒုက္ခသည် ၃၅ဝဝ ခန့်သည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြရာ၊ သူတို့ကို တာ့ခ်ခရိုင်ရှိ နောင်ဘိုး၊ မဲစလိ၊ အူးသူးထတို့တွင် ယာယီနေထိုင်နေကြပြီး ထိုင်းအစိုးရနှင့် ကုလသမဂ္ဂတို့က စားနပ်ရိက္ခာနှင့် အဝတ်အစားများ ထောက်ပံ့ပေးနေကြောင်း သိရသည်။

Most read this week