ဦးခေါင်းခွံပြင်ပ ဦးနှောက်ရောက်နေသည့် ကလေးငယ် ဆေးကုရန် လိုအပ်နေ

ဦးခေါင်းခွံပြင်ပ ဦးနှောက်ရောက်နေသည့် ကလေးငယ် ဆေးကုရန် လိုအပ်နေ
by -
သဲသဲ
ဦးခေါင်းခွံ ပြင်ပတွင် ထူးခြားစွာဖြင့် ဦးနှောက်တွဲကျနေသော ကလေးငယ်အတွက် ခွဲစိတ်ကုသစရိတ် လိုအပ်နေကြောင်း မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည် ဇနီးမောင်နှံက အပြောအရ သိရ ...

နယူးဒေလီ (မဇ္စျိမ) ။     ။ ဦးခေါင်းခွံ ပြင်ပတွင် ထူးခြားစွာဖြင့် ဦးနှောက်တွဲကျနေသော ကလေးငယ်အတွက် ခွဲစိတ်ကုသစရိတ် လိုအပ်နေကြောင်း မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည် ဇနီးမောင်နှံက အပြောအရ သိရသည်။

ဦးခေါင်းခွံပြင်ပ ဦးနှောက်ရောက်နေသည့် ကလေးငယ်

ဦးခေါင်းခွံပြင်ပ ဦးနှောက်ရောက်နေသည့် ကလေးငယ်
ဦးခေါင်း၏ နောက်ဘက်တွင် အသားပိုကဲ့သို့ အိတ်ငယ်အတွင်း ဦးနှောက်ရောက်နေသဖြင့် ရ သားအရွယ် ကလေး၏ ကျန်းမာရေးမှာ မကြာခဏ တက်လေ့ရှိပြီး၊ တလလျှင် အနည်းဆုံး ၂ ကြိမ်ခန့် ဆေးခန်းတွင် ပြသနေရသည်။

"ကျမတို့ အခု ဆေးခန်းကို သွားနေတာပါ။ ကလေးက ကိုယ်ပူပြီး သတိလစ်ချင်သလို ဖြစ်နေလို့ပါ။ ပြီးခဲ့တဲ့လကလည်း နေမကောင်း တော်တော်ဖြစ်တာ။ ကျောရိုုးကနေ ရေစုပ်ထုတ်ခဲ့ရသေးတယ်" ဟု မိခင်ဖြစ်သူ ချင်းတိုင်းရင်းသူ မန်ရှန်ကျင်က ပြောသည်။

ငွေကြေးတတ်နိုင်ပါက သာမန် ကလေးငယ်များကဲ့သို့ပင် အသက်ရှင်နေထိုင်ခွင့်ရရန် ရင်သွေးငယ်အား ခွဲစိတ်ကုသလိုပြီး၊ ယခုထိ ခွဲစိတ်ကုသပေးမည့်သူမျိုး ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း သူက ပြောသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ကလေးငယ် ကျန်းမာရေးအတွက် ထောက်ပံ့ပေးသည့် ငွေကြေးဖြင့် မလုံလောက်၍ ဖခင်ဖြစ်သူမှာ ကျဘမ်းအလုပ်ကို လုပ်ကိုင်ကာ ရှာဖွေနေရသည်။

Hau Khant Khai အမည်ရ ကလေးငယ်မှာ မကြာခဏ နေမကောင်းသဖြင့် ဖခင်မှာ ဝေးလံသည့်နေရာသို့ အလုပ်သွားလုပ်ရန် မဖြစ်သဖြင့် နီးရာ ကျဘန်း အလုပ်များကိုသာ လုပ်ကိုင်နေရသည်။   

သားဖြစ်သူကို မလေးရှားနိုင်ငံ ကာလန်မြို့ ဆေးရုံတွင် လွန်ခဲ့သည့် ရ လ ခန့်က သားဦးအဖြစ် မွေးဖွားခဲ့ခြင်းဖြစ်သည်။

"ကလေးရဲ့ ဦးနှောက်က အပြင်မှာရောက်နေပြီး ဦးခေါင်းထဲမှာက သွေးပုပ်နဲ့အသားတွေရှိတယ်လို့ ဆရာဝန်က ပြောတယ်၊ ကလေးကိုချီလို့ လှုပ်တာများရင်် အဲဒီ တွဲကျနေတဲ့ ဦးနှောက်က နာတော့ ငိုတယ်" ဟု မိခင်ဖြစ်သူက ပြောသည်။

ကလေး၏ ငယ်ထိပ်တွင်လည်း ပျော့ပြောင်းသည့် အသားပိုတခုပါရှိပြီး ညာဘက်ခြေမှာ အနည်းငယ် ကောက်နေ၍ ညာဘက် လက်ချောင်းလေးများမှာလည်း ပူးကပ်နေသည်။  

မီးဖွားပြီးခါစတွင် ဆေးရုံမှ တိုက်လိုက်သည့် နို့ခမ်းဆေးကြောင့် ကလေးကို  မိခင်နို့ မတိုက်ကျွေးနိုင်တော့သဖြင့် နို့မှုန့်ကိုသာ ဖျော်တိုက်ခဲ့ရပြီး၊ ကလေး ၄ လသားအရွယ်မှ စတင်ကာ ယခုထိ နို့မှုန့်နှင့် ကလေး အဟာရမှုန့်တို့ကို ရော၍ ကျွေးလာခဲ့ရသည်။   

ချင်းပြည်နယ် တွန်းဇံမြို့နယ် ရှလ်ထော်ဇန် ကျေးရွာသူ မမန်ရှန်ကျင်တို့် ဇနီးမောင်နှံမှာ ၂၀၀၇ ခုနှစ်အတွင်း မလေးရှားသို့ ရောက်ရှိလာခဲ့ပြီး၊ ၂၀၀၇ ခုနှစ်ဆန်းတွင် UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခဲ့သည်။