တပ်မတော် စခန်းတွင်း ပစ်ခတ်မှုတွင် ဗိုလ်ကြီးတစ်ဦးသေဆုံး

တပ်မတော် စခန်းတွင်း ပစ်ခတ်မှုတွင် ဗိုလ်ကြီးတစ်ဦးသေဆုံး

မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းပေါ် Nam Hkai ချောင်း တံတား၊ မြန်မာစစ်တပ် ခလရ ၁၂၃ စခန်းအတွင်း ဗိုလ်ကြီးအဆင့် နှစ်ဦးအချင်းချင်း ရန်များရာမှ တစ်ဦးပစ်သတ် ခံခဲ့ရသည်။

ကွန်ခိုင်နှင့် နမ့်ဖတ်ကာ ကြား နမ့်ဖတ်ကာ ဘက်ရှိသည့် အဆိုပါ စခန်းတွင် တပ်အပြောင်းအလဲ လုပ်ချိန် နိုဝင်ဘာ (၁)ရက်နေ့က ယခုလိုပစ်သတ်မှု ဖြစ်ပွားသည်ဟု ဒေသခံများ ဆိုပါသည်။

ပစ်သတ်မှု ကျူးလွန်သော ဗိုလ်ကြီးအား ရာထူးမှ ဖြုတ်ကျပြီး ထောင်ချလိုက်ကြောင်းလည်း သိရသည်။

နမ့်ဖတ်ကာ နယ်မြေခံ ခလရ ၁၂၃ ဘက် က “ရာမ ဆေးကြောင်ပြီး အချင်းချင်း ပစ်သတ်မှု ဖြစ်ပွားကြောင်း” ဆိုထားသည်။

အဆိုပါ သတင်းကို တပ်မတော်ဘက်မှ ထုတ်ပြန်ခြင်း မရှိပါ။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...