ကချင်နယ်မြေအတွင်း တိုုက်ပွဲများ ပြန်လည် ဖြစ်ပွား၊ ဒေသခံများ အခက်ကြုံ

ကချင်နယ်မြေအတွင်း တိုုက်ပွဲများ ပြန်လည် ဖြစ်ပွား၊ ဒေသခံများ အခက်ကြုံ

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့်အတွက် တနိုင်းဒေသခံ ပြည်သူများအား လယ်တောထဲမသွားရန် ရပ်ကွက်မှူးများ၊ ဆယ်အိမ်မှူးများက လိုက်လံကြေညာထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ကောင်ရာ ဒေသခံတစ်ဦးက “ညမှာတော့ တနိုင်းမြို့ပေါ်မှာ လယ်တောသွားတဲ့လူတွေ လယ်တောမသွားဖို့ တပ် မဟာ ၂ ဖက်မှာ လယ်လုပ်တဲ့ လူတွေကို အသွားအလာမလုပ်ဖို့ သူတို့ကြေညာတာတော့ရှိတယ်။ ဆွန်မရီ နာလယ်တော နမ်ခေါနာ လယ်တောပေါ့ အဲလယ်တောကို လယ်တောမသွားဖို့ ပေါ့နော။ ရပ်ကွက်မှူး ဆယ် အိမ်မှူးတွေက သူတို့ ကြေညာတာ” ဟု ပြောသည်။

ရွှေမှော်၊ ပယင်းမှော်များသိုု့လည်း မသွားကြရန် သတိပေးထားကြောင်း ၎င်းကောင်ရာ ဒေသခံက ဆက်ပြောသည်။

“တနိုင်းမြို့ထဲကလူတွေကို မြို့ပြင်မထွက်ဖို့၊ ရွှေမှော်တွေ ပယင်းမှော်တွေဘက်ကို မသွားဖို့ပေါ့နော်။ ကောင်ရာ ကလူတွေကိုလည်း ရွာအပြင်မထွက်ဖို့ ပြောထားတယ်။ နယ်မြေရှင်းလင်းရေးလုပ်မယ်။ လက်နက် ကြီးပစ်တာ တွေလည်း ရှိနိုင်တယ်ပေါ့နော်။  ပြည်သူတွေကို အဲလိုမျိုး ပြောတာတော့ ရှိတယ်”

တနိုင်းမြို့နယ်အတွင်းတွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ ကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလျက်ရှိသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် ကောင်ရာကျေးရွာမှ အင်ဂါးဂါးကျေးရွာဖက်သို့ သွားသည့် မိုင်စပ်ပို့စ်နှင့် အင်ဂါးဂါးကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ နေ့လည် ၁၁ နာရီလောက်တုန်းကလည်း ဖြစ်တယ်။ ပြီးတော့ မနေ့က ညနေ ၆ နာရီလောက်မှာဖြစ် တယ်။ အဲဒါ ကောင်ရာကနေ အင်ဂါးဂါကို သွားတဲ့လမ်းပေါ့လေ မိုင်စပ်ပို့စ်နဲ့ အင်ဂါးဂါကြားမှာ ဖြစ်တယ်။ တစ် နာရီ ပတ်ဝန်းကျင်လောက်ဖြစ်မယ် ည ၈ နာရီ လောက်အထိ အသံကြားရတယ်” ဟု တနိုင်းဒေသခံ ဦးနော်တောင် က သတင်းနှင့် မီဒီယာကွန်ရက်သို့ ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာသည် ယခင်က ကချင်လွတ်လပ်ရေး တပ်မတော် KIA ထိန်းချုပ်ထားသည့် နေ ရာ ဖြစ်သော်လည်း ၂၀၁၇ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲနောက်ပိုင်း မြန်မာ့တပ်မတော်က နေ ရာယူထားသည် ဟု ဦးနော်တောင် က ဆက်ပြောသည်။

“အဲဒီနေရာမှာက ကေအိုင်အေလည်း သွားလာတယ်။ နောက်ပြီးတော့ တပ်မတော်ဖက်ကလည်း သွားလာတယ်။ ဒီလမ်းကြောင်းက သူတို့ကလည်း ပုံမှန်သွားလာနေကြတော့ အဲဒါသူတို့ အချင်းချင်းတွေ့ဆုံကြပြီးမှ တိုက်ပွဲဖြစ်တယ်”

တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့်အတွက် ယခင်က တိုက်ပွဲကြောင့် ထွက်ပြေးလာရသည့် စစ်ဘေးရှောင် များ နေရပ်ပြန်နိုင်ရန် ပိုမိုခက်ခဲလာသည့်အပြင် နောက်ထပ် စစ်ဘေးရှောင်များ ထပ်ရောက်လာမည်ကို တနိုင်း ဒေသခံများက စိုးရိမ်နေကြသည်။

“တိုက်ပွဲအခြေအနေ ပြင်းထန်လာမယ် အချိန်တွေကြာလာမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ နဂိုရှိနေတဲ့ စစ် ပြေး ဒုက္ခသည်တွေတောင်မှ ဆက်ရှိနေတယ်ဆိုတော့ တိုက်ပွဲနည်းနည်း ပိုပြင်းထန််လာမယ် အချိန်ကြာလာ မယ် ဆိုလို့ရှိရင် မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာပြီးမှ ကျနော်တို့ ဒီကောင်ရာတို့ တိမ်ကောက်တို့ စသဖြင့် ပေါ့နော။ အဲဒီရွာတိုက်ပွဲနဲ့ နီးစပ်တဲ့နေရာက ပြန်ပြီးမှ ဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရတာမျိုးတို့ ဖြစ်လာမှာကြတော့ ကျနော်တို့က စိုးရိမ်တာပေါ့” ဟု ဦးနော်တောင် က ပြောသည်။

ကေအိုင်အေ တပ်မဟာ-၂ လက်အောက်ခံ တပ်ရင်း ၁၄ နှင့် အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲများဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် KIO နှင့် တနိုင်း ဒစက တာဝန်ရှိသူများအား  ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးပေ။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း နိုဝင်ဘာလ ၁၅ ရက်နေ့က ကွတ်ခိုင်မြို့နယ် ကောင်းမိုးနှင့် ဘန်နန်းရွာ ဟောင်းဖက်တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA  နှင့် မြန်မာ့တပ်တော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလအတွင်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ဖြစ် သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့် တပ်မတော် AA တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလျက်ရှိသည်။

ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာ့တပ်မတော်တို့ကြား ရခိုင်ပြည်နယ် နယ်စပ်အနီးတွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ရက္ခိုင့် တပ်မတော် AA ပြန်ကြားရေးမှ သတင်းထုတ်ပြန်ထား သကဲ့သို့ တအာင်း(ပလောင်) TNLA ပြန်ကြားရေးမှ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နမ္မတူမြို့နယ် မန်အိုင်ရွာ အထက်ဖက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် ရက္ခိုင့် တပ်မတော် AA တို့သည် UWSP/UWSA  ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဟု လူသိများသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့ဝင်များဖြစ်သည်။

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...