NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များEAOs ရုံး ရန်ကုန်မြို့တွင်ဖွင့်လှစ်မည်

NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များEAOs ရုံး ရန်ကုန်မြို့တွင်ဖွင့်လှစ်မည်
by -
ဟွမ်ဟိန်း

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ ရုံးအား ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် နက်ြဖန် နိုဝင်ဘာ ၁၈ ရက်နေ့ ဖွင့်လှစ် မည်ဖြစ်ကြောင်းသိရှိရသည်။

ကမာရွတ်မြို့နယ် ရွှေလီလမ်း တိုက်အမှတ် ၆ တွင် ဖွင့်လှစ်မည့် တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ ရုံးအား NCAS-EAO (Nationwide Ceasefire Agreement – Signatories, Ethnic Armed Organization Office) ရုံး ဟု အမည်ပေးကြောင်း၊ ဖွင့်ပွဲအခမ်းအနားသို့ အပစ်ရပ်စာချုပ်လက်မှတ် ထိုးစဉ် သက်သေ အဖြစ်ပါဝင်သည့် UN, EU, China, India, Thai နှင့် Japan တို့အား ဖိတ်ကြားမည်ဖြစ်ကြောင်း ကြားသိရသည်။

NCAS-EAOs ရုံးဒါရိုက်တာမှာ ဆလိုင်းအောင်ြမင့် ဖြစ်ပြီး – NCAS-EAOs ရုံး နှင့် EAOs တို့အကြား ဆက်ဆံရေးတာဝန်ခံများက ပဒိုတာဒိုမူး၊ ဆလိုင်းထလာဟဲ၊ ရဲဘော်မျိုးဝင်း နှင့် စိုင်းလျဲန်း တို့ ဖြစ်ကြောင်း ကြားသိရသည်။

အဆိုပါ ဖွင့်လှစ်မည့်ရုံးနေရာသည် အစိုးရပိုင် အဆောက်အဦး ဖြစ်ပြီး အစိုးရ ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရုံးအနီးတွင် တည်ရှိကြောင်းသိရသည်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှာ – ကရင်အမျိုးသား အစည်းအရုံး KNU ၊ သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ RCSS၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကျောင်းသားတပ်မတော် ABSDF ၊ ရခိုင်ြပည်လွတ်မြောက်ရေးပါတီ ALP ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ကရင်အကျိုးပြုတပ်မတော် DKBA နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-PC တို့ဖြစ်သည်။

Most read this week

April 18, 2024
နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း...
April 8, 2024
နယ်စပ်ဖြတ်သန်းသွားလာမှုကို လူအဝင်အထွက် ထိန်းချုပ်နိုင်ရန် UID ခေါ် စမတ်ကတ် ပါရှိမှသာ...
April 4, 2024
အွန်လိုင်းလိမ်လည်ဂိုဏ်း-ကျားဖြန့် လုပ်ငန်းများနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန...
April 1, 2024
တိတ်ဆိတ်နေတဲ့ နံနက်အရုဏ်ဦးမှာ တရုတ်ကျူရှင်သွားဖို့ ပြင်ဆင်နေတဲ့ သမီးလေးဟာ ကျယ်လောင်တဲ့ ပစ်ခတ်သံ...