မြန်မာ အစိုးရတပ် နှင့် KIA တပ်ရင်း (၉) ဆက်လက်တိုက်ပွဲ ပြင်းထန်

မြန်မာ အစိုးရတပ် နှင့် KIA တပ်ရင်း (၉) ဆက်လက်တိုက်ပွဲ ပြင်းထန်

နိုဝင်ဘာလ ၁၅ရက်နေ့ ဒုတိယနေ့ မြန်မာစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၉) ကြား ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ၃ နာရီခန့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

Hu Hpyet (ဟူးဖြတ်) ကျေးရွာဘက် KIA တပ်ရင်း (၉) တပ်ဖွဲ့များ စခန်းချသည့် Kawng Mu (ကောင်းမိုး) နှင့် Bang Nan (ဘန်နန်း) ရွာဟောင်း ဘက်ကို တက်လာသော မြန်မာစစ်တပ်တပ်မ (၈၈) အောက် တပ်ဖွဲ့များနှင့် မွန်းလွဲ ၁ နာရီ ကျော်မှ ၄ နာရီ ခန့်အထိ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောသည်။

အစိုးရတပ်ဘက် Nampaka (နမ့်ဖတ်ကာ) အမြောက်တပ်မှ လက်နက်ကြီးများ ပစ်ကူပေးသောကြောင့် Kawng Mu နှင့် Bang Nan ရွာဟောင်း မှ KIA တပ်များ နောက်ဆုတ်ပေးခဲ့ကြောင်း ဒေသခံများ ဆက်ဆိုသည်။

နှစ်ဖက် ထိခိုက်သေဆုံးမှု သတင်းထုတ်ပြန်ခြင်း မရှိပါ။

ယခု တိုက်ပွဲသည် ကွတ်ခိုင်-မူဆယ် ကုန်သွယ်ရေးလမ်းမ၏ အထဲဘက်မှာ ဖြစ်သောကြောင့် ကားလမ်းမကြီး ထိခိုက်မှု မရှိဘဲ ခရီးသွား၊ ကုန်သည်များ ကောင်းမွန်စွာ သွားလာနိုင်ကြောင်း သိရသည်။

သံလွင်မြစ်အရှေ့ဘက် ကိုးကန့်ဒေသသို့ စစ်အင်အား ဖြည့်တင်းမှု အနေဖြင့် ယမန်နေ့ နံနက် မိုးမလင်းမီ ၃ နာရီ ခန့်တွင် လားရှိုးမှ မြန်မာစစ်သားများ တင်ဆောင်ထားသော ကား (၂၃) စီး သည် Sinli (သိန်းနီ) လမ်းခွဲမှ ကွန်လုံဘက်ကို ဦးတည်သွားသည်ဟု မျက်မြင်များ ပြောပြချက်အရ သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ယခုတဖန် မြန်မာစစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ် (Northern Alliance-Burma) တိုင်းရင်းသားတော်လှန်ရေးတပ်ပေါင်းစုတပ်ဖွဲ့များကြားစစ်ရေး တင်မားမှုများ ပြန်လည် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

June 3, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း အုပ်စုလိုက် စည်းကမ်းမဲ့ဆိုင်ကယ်မောင်းနှင်မှုတွေကြောင့်...
June 2, 2026
အမိုး — ကချင်ပြည်နယ်ကို ဒုတိယအကြိမ် တက်လာတဲ့ စစ်တပ်ယာဉ်တန်းဟာ လမ်းတစ်လျှောက်...
May 30, 2026
အာဏာသိမ်းစစ်တပ်ဟာ  ကချင်ဒေသအပါ လက်လွတ်လိုက်ရတဲ့ မြို့နေရာတွေကို ပြန်ရဖို့...
May 29, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အရင်ကထက်...