FPNCC မူအတိုင်း “၀” အဖွဲ့ ရပ်တည်မည်

FPNCC မူအတိုင်း “၀” အဖွဲ့ ရပ်တည်မည်

အစိုးရကိုယ်စားလှယ်များက “၀” ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP/UWSA အား တစ်ဖွဲ့ချင်း အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အား လက်မှတ်ရေးထိုးရန်တိုက်တွန်း ခဲ့သော်လည်း UWSP/UWSA သည် မြောက်ပိုင်း မဟာမိတ် FPNCC တစ်ခုလုုံး အနေဖြင့် ဆက်လက်ရပ်တည်သွားမည်ဟု ပြောသည်။

“ဟုတ်ပါတယ် NCA ကို ထိုးခိုင်းစေချင်တာပေါ့နော။ ဒါပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်ပြီးမှ ကျနော်တို့က အရင်တုန်းက ဒီ ထုတ်ပြန်ထားတဲ့အတိုင်းပဲလေနော။ FPNCC မူနဲ့ပဲ ဆက်ပြီးသွားမယ်ဆိုတဲ့အကြောင်း အဲလိုပဲ ပြန်တုန့် ပြန်တယ်နော။” ဟု “၀” ပြည်သွေးစည်း ညီညွှတ်ရေးပါတီ (UWSP/ UWSA) ၏ လားရှိုးမြို့ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက ပြောသည်။

ပြီးခဲ့သည် နိုဝင်ဘာလ ၁၁ ရက်နေ့က “၀” ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP/ UWSA ဌာနချုပ် ပန်ဆန်း(ပန်ခမ်း) တွင် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင် သည့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စား လှယ်များက UWSP/UWSA အား NCA လက်မှတ်ရေးထိုးရန် တိုက်တွန်းရာတွင် UWSP/UWSA က ယခုကဲ့သို့ ပြန်လည်ဆွေးနွေး ခဲ့ခြင်းဖြစ် သည် ဟု ဦးညီရန်းက ပြောသည်။

“၀” ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP/UWSA အနေဖြင့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့ဝင်များ၏ မူလရပ်တည်ချက် သဘောထားအတိုင်း အခြားအဖွဲ့များ နည်းတူ ဆက်လက် ရပ်တည်သွားမည်ဟု ဦးညီရန်း က ပြောသည်။

မြောက်ပိုုင်း မဟာမိတ် FPNCC ၏ အခြား ဦးဆောင် အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေး အဖွဲ့ (KIO/KIA) အနေနှင့်လည်း မူလရပ်တည်ချက်အတိုင်း ဆက်သွားမည်ဟု ပြောသည်။

“ကျနော်တို့တွေကတော့ အဲဒီလမ်းကြောင်းပဲ ရှိတယ်ဆိုတော့ အဲဒီသဘောထားအတိုင်းပဲ ကျနော်တို့ ဆက်သွား ရမှာဖြစ် ပါတယ်။ တစ်ခြား ဘာမှ ထူးထူးထွေထွေ လမ်းကြောင်းတွေ မရှိဘူးလေ။” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

မကြာသေးမီက တွေ့ဆုုံမှု တစ်ခုတွင် တရုုတ် နိုုင်ငံ အာရှ ပစ္စဖိတ်ဒေသ ကိုုယ်စားလှယ်က မြောက်ပိုုင်း မဟာမိတ်

အဖွဲ့များကို NCA လက်မှတ်ရေးထိုးရန် တိုုက်တွန်းခဲ့သည်။

“ကျနော်တို့က ဒီအဖွဲ့ဝင် ၇ ဖွဲ့စလုံးက FPNCC ဆုံးဖြတ်တဲ့အတိုင်း အကုန်ရပ်တည်နေကြတာပါ။ “၀” အဖွဲ့ကလည်း ကျနော်တို့ ကော်မတီ ချထားတဲ့အတိုင်း ရပ်တည်တယ်လို့ ကြားရတော့ ကျနော်တို့လည်း ဝမ်းသာတာပေါ့။ ကျနော်တို့ အဖွဲ့ဝင်တွေ အကုန်လုံးက ကျနော်တို့ ဆုံးဖြတ်ချက်အတိုင်းပဲ အကုန်လုံး ရပ်တည် ကြတာပါ။” ဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော် က ပြောသည်။

“၀” ဦးဆောင်သည့် FPNCC တွင် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့

(KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA- ကိုုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုုင်းလားအဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ် မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်မတော် (AA) တိုု့ပါဝင်ပြီး NCA လမ်းကြောင်း မဟုုတ်သည့်

နည်း လမ်းဖြင့် ငြိမ်းချမ်းရေးကို အရယူမည်ဟု ကြေညာထားသည့် တပ်ပေါင်းစုဖြစ် သည်။

နယ်စပ်ရေးရာ ပြည်ထောင်စု ဝန်ကြီး၏ ခရီးစဉ်အတွင်း ၀ ဒေသ နှင့် မိုုင်းလား ဒေသများသိုု့ သွားရောက်ခဲ့ပြီး အစိုးရ အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့်ငြိမ်းချမ်းရေး ကိစ္စရပ်များအား သွားရောက်ဆွေးနွေး ခဲ့သည်ဟု ထုတ် ပြန်ထားသော်လည်း ဆွေးနွေးမှု အသေးစိတ်ကို ဖော်ပြထားခြင်းမရှိပေ။

FPNCC အဖွဲ့ဝင်များဖြစ်သည့် ကိုးကန့် (MNDAA)၊ တအာင်း(ပလောင်) TNLA ၊ ရက္ခိုင့်တပ်မ တော် (AA) တို့အား ရှမ်းပြည်နယ်လွှတ်တော်မှ အကြမ်းဖက် အဖွဲ့အစည်းများအဖြင့် သတ်မှတ်ထားမှုသည် ပြဿာနာကို ပိုမိုရှုတ်ထွေးစေသည့်အတွက် ပယ်ဖျက်ပေးရန် နိုဝင်ဘာလ ၁၁ ရက်နေ့ က“၀” ပြည်သွေးစည်း ညီညွှတ် ရေးပါတီ UWSP/UWSA က အစိုးရ ကိုယ်စားလှယ် များအား တင်ပြ တောင်းဆိုခဲ့သေးသည်။

“ကျနော်တို့က ဘာမှ အထူးတလည် မမျှော်လင့်ပါဘူး။ ကျနော်တို့ မဟာမိတ်က ကျနော်တို့ကို အဲလို လုပ်ပေးတာ ကြားရတော့ ကျနော်တို့ ဝမ်းသာတာပေါ့။ ဒါပေမယ့် ဒါက ဒီနေရာမှာ လွှတ်တော်က သူ့ဟာသူ သူတို့သတ်မှတ် ထားတဲ့အတိုင်း ကျနော်တို့က အကြမ်းဖက်အဖွဲ့အစည်း မဟုတ်ပါဘူး။ ကျနော်တို့က ကိုယ့်ရဲ့ ဦးတည်ချက် ရည် မှန်းချက်နဲ့ ကျနော်တို့ တော်လှန်ရေး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်း ဖြစ်တယ်လေ။” ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော် က ပြော သည်။

“၀” ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP/UWSA သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟု လူသိများ သည့် ပြည်ထောင် စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ၏ အဖွဲ့ဝင်ဖြစ်ပြီး အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမည်ဆိုပါက FPN CC ကော်မတီ အနေဖြင့်သာ ဆွေးနွေးရန် တရားဝင်ပြောဆိုထားသည်။

သို့သော် မြန်မာ့တပ်မတော်အနေဖြင့် FPNCC အား ကော်မတီအနေဖြင့် တွေ့ဆုံနိုုင်မည်မဟုုတ်ပဲ တဖွဲ့ချင်းသာ တွေ့ဆုံနိုုင်မည်ဟု တရုုတ်နိုင်ငံခြားရေး ဌာန အာရှရေးရာ အထူးကိုုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းအား ဗိုုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောခဲ့သည်ကို ဆွန်ကော့ရှန်းက FPNCC အား ပြန်လည်ပြောပြခဲ့သည်။

ထို့နောက် FPNCC အနေဖြင့် အစိုးရနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး သဘောထားကို ကော်မတီအတွင်း၌ ပြန်လည် ရယူရန် အစည်းအဝေးတစ်ရပ် အမြန်ဆုံးခေါ်ယူမည်ဟု သိရသည်။

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...