ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး NCA အပစ်ရပ် ၈ ဖွဲ့ထိပ်သီးခေါင်းဆောင်များ စည်းဝေး

ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး NCA အပစ်ရပ် ၈ ဖွဲ့ထိပ်သီးခေါင်းဆောင်များ စည်းဝေး

NCA အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအတွက် NCA အပစ်ရပ် ၈ ဖွဲ့၏ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ EAO – PPST ရဲ့ အစည်းအဝေး တစ်ရပ် ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Amora Tapae Hotel တွင် ဒီကနေ့ (နိုဝင်ဘာလ ၁၄) နံနက် ၉  နာရီက စတင်ကျင်းပနေသည်။

အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခြင်းကိစ္စ အပါအဝင်၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဆင့်ဆင့် (JMC) တို့၏ လုပ်ငန်းဆောင်ရွက်မှုကိစ္စ နှင့်  ရှေ့ဆက်ဆောင်ရွက်သွားဖို့ရှိတဲ့  လုပ်ငန်းစဉ်များအား ဆွေးနွေးသွားကြမည်ဟု သိရသည်။ 

NCA အပစ်ရပ် ၈ ဖွဲ့၏  ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ကရင်အမျိုးသား အစည်းအရုံး KNU၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP၊ ဒီမိုကရေစီ အကျိုးပြု တပ်မတော် DKBA၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကရင် ငြိမ်းချမ်းရေး ကောင်စီ KNLA/PC မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးနေကြသည်။

June 3, 2026
မြန်မာစစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယအစိုးရက...
ဓါတ်ပုံ - NMG, Clean Yangon
June 2, 2026
ကရင်နီပြည်နှင့် ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းများတွင် မိုးဦးကျကာလအတွင်း...
June 1, 2026
တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်ရှိ နဘုလယ်ဒေသသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာ...
May 30, 2026
တရားမဝင် အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် အသွင်ပြောင်းလာသည့် စစ်အုပ်စုသစ် လက်ထက်တွင် မြေပြင်၌...