UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် တိုးချဲ့ အစည်းအဝေး ကျင်းပ

UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် တိုးချဲ့ အစည်းအဝေး ကျင်းပ

ငြိမ်းချမ်းရေးကော်မရှင်နှင့် နဝမအကြိမ်မြောက် ဆက်လက်တွေ့ဆုံဆွေးနွေးနိုင်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် တိုးချဲ့ အစည်းအဝေးကို ဒီကနေ့ (နိုဝင်ဘာ ၁၄) နံနက် ၉  နာရီ က ထိုင်းနိုင်ငံ ချင်းမိုင် မြို့ရှိ The Park Hotel တွင် စတင်ကျင်းပနေသည်။

အစည်းအဝေးတွင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့မှ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် နှင့် အဌမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုမှ ရရှိလာသည့် အခြေအနေများအား UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ ကို အစီရင်ခံတင်ပြပြီး ဆက်ဆွေးနွေးရန် ကျန်ရှိနေသည့် အချက်အပေါ် သဘောထား ဆုံးဖြတ်များကို အတည်ပြုချက် ရယူရန်ရှိသည်ဟု သိရသည်။

ယနေ့အစည်းအဝေးကို နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ DPN အဖွဲ့ဝင်များအပါအဝင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP။ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU နှင့် ရခိုင်အမျိုးသားကောင်စီ ANC အဖွဲ့များမှ စစ်ဖက်ဆိုင်ရာ ကိုယ်စားလှယ်များလည်း တက်ရောက်နေသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ DPN အဖွဲ့သည် NCA လက်မှတ်ရေးထိုးရန် တင်ပြထားသော အစိုးရ နှင့်  ဆွေးနွေးနေသည့် အချက် ၉  ချက်ကို အပြီးသတ်ဆွေးနွေးရန် လာမည့် နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် ရန်ကုန်မြို့ ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ရုံး၌ တွေ့ဆုံရန် ရှိသည်။

June 3, 2026
မြန်မာစစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယအစိုးရက...
ဓါတ်ပုံ - NMG, Clean Yangon
June 2, 2026
ကရင်နီပြည်နှင့် ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းများတွင် မိုးဦးကျကာလအတွင်း...
June 1, 2026
တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်ရှိ နဘုလယ်ဒေသသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာ...
May 30, 2026
တရားမဝင် အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် အသွင်ပြောင်းလာသည့် စစ်အုပ်စုသစ် လက်ထက်တွင် မြေပြင်၌...