တွေ့ဆုံရေးဆိုင်ရာ သဘောထားအတွက် မြောက်ပိုုင်း မဟာမိတ်များ အစည်းအဝေး ခေါ်မည်

တွေ့ဆုံရေးဆိုင်ရာ သဘောထားအတွက် မြောက်ပိုုင်း မဟာမိတ်များ အစည်းအဝေး ခေါ်မည်

မြောက်ပိုင်း မဟာမိတ်ဟု ခေါ်ကြသည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ဖြင့်ဖွဲ့စည်းထား သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ ( FPNCC) အနေဖြင့် အစိုးရနဲ့ တစ်ဖွဲ့ချင်းစီတွေ့ဆုံမည် မတွေ့ဆုံမည်ကို သဘောထား ရယူရန် အစည်းအဝေးတစ်ရပ်ကို အမြန်ဆုံး ခေါ်ယူမည်ဟု သတင်းရရှိသည်။

“ကျနော်တို့ ညှိနေဆဲပဲခင်ဗျား အမြန်ဆုံးတော့ ခေါ်နိုင်အောင်တော့ ကြိုးစားနေပါတယ်” ဟု တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတာ် (PSLF/TNLA) မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော် က ပြောသည်။

မြန်မာ့တပ်မတော်အနေဖြင့် FPNCC အား ကော်မတီအနေဖြင့် တွေ့ဆုံနိုုင်မည်မဟုုတ်ပဲ တဖွဲ့ချင်းသာ တွေ့ဆုံနိုုင်မည်ဟု တရုုတ် နိုင်ငံခြားရေး ဌာန အာရှရေးရာ အထူးကိုုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းအား ဗိုုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောခဲ့သည်ကို ဆွန်ကော့ရှန်းက FPNCC အား ပြန်လည်ပြောပြခဲ့သည်။

နိုဝင်ဘာလ ၉ ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တွေ့ဆုံခဲ့ရာတွင် တရုတ်ကုုိယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းက မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ၇ ဖွဲ့အား NCA လက်မှတ်ရေးထိုး ရန်နှင့် နောက်တစ်ကြိမ် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ရန် တိုက်တွန်းခဲ့သည်ဟု ဗိုလ်မှူးချုပ် တား ဘုန်းကျော်က ပြောသည်။

“၀” ပြည်သွေးစည်းညီညွှတ်ရေးပါတီ (UWSP) နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီသည် ယခု နောက်ပိုင်းမှ ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ခြင်းကြောင့် တပ်မတော် အနေဖြင့် ကော်မတီအနေဖြင့် တွေ့ဆုံဆွေးနွေးနိုင်မည် မဟုတ်ဟု ဗိုုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မစ္စတာဆွန်ကော် ရှန်းအား နေပြည်တော်တွင် တွေ့ဆုံစဉ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“FPNCC က နောက်မှ ဖွဲ့စည်းလာတဲ့ တပ်ပေါင်းစုဖြစ်တယ်။ အဲဒါကိုလိုက်ပြီး မဆွေးနွေးနိုင်ဘူး။ တစ်ဖွဲ့ချင်း ပဲ တွေ့နိုင်မယ်သို့မ ဟုတ် ခွဲပြီးတော့တွေ့တာမျိုး အဲလိုဆိုရင် တွေ့နိုင်တယ်။ တစ်ဖွဲ့ချင်းခွဲပြီးတွေ့တာတောင်မှ တချို့အဖွဲ့ဆိုရင် ဥပမာ ကျနော်တို့ ၃ ဖွဲ့ အပေါ်မှာဆိုရင် တန်းတူညီတူ အနေအထားတော့ ရှိနိုင်မှာ မဟုတ် ဘူး ဆိုတဲ့ပုံစံမျိုးတွေ ကျနော်တို့ကို ရှင်းပြပါတယ်။” ဟု တားဘုန်းကျော်က ဆွန်ကော့ရှန်းအား ကိုးကား၍ ပြောသည်။

တစ်ဖွဲ့ချင်းစီ တွေ့ဆုံရာတွင်လည်း တအာင်း (ပလောင်) အဖွဲ့TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နှင့် ရခိုုင်အဖွဲ့ AA တို့ ၃ ဖွဲ့အား အခြားအဖွဲ့များနှင့် ပုံစံချင်းတူညီမည်မဟုတ်ဟု ပြောဆိုုခဲ့ကြောင်းလည်း PSLF/TNLA က ပြောသည်။ တပ်မတော်က ယင်းအဖွဲ့ သုံးဖွဲ့ အနေဖြင့် လက်နက်ချမည်ဟု ကြေညာမှသာ တွေ့ဆုံမည်ဟု ယခင်က ပြောထားသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းသည် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာခဏ တွေ့ဆုံဆွေးနွေးမှုများရှိပြီး ယင်းသို့တွေ့ဆုံရာတွင် မြန်မာပြည် မြောက်ပိုင်းမှ တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ အရေးကိုပါ ထည့် သွင်းဆွေးနွေးလေ့ရှိသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့က UWSP ဌာနချုပ် ပန်ဆန်းတွင် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ် ချုပ်ကြီးရဲအောင် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် (UWSP) ဥက္ကဋ္ဌ ဦးပေါက်ယူချန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ခဲ့ကြပြီး နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ၎င်းအစိုးရ ကိုယ်စားလှယ်အဖွဲ့သည် မိုင်းလားအဖွဲ့ (NDAA) နှင့် ယခုခရီးစဉ်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

“၀” ဦးဆောင်သည့် FPNCC တွင် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA- ကိုုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုုင်းလားအဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်မတော် (AA) တိုု့ပါဝင်ပြီး NCA လမ်းကြောင်း မဟုုတ်သည့်နည်းလမ်းဖြင့် ငြိမ်းချမ်းရေးကို အရယူမည်ဟု ကြေညာထားသည်။

July 5, 2024
ထားဝယ်ခရိုင်အတွင်းရှိ ဘုန်းကြီးကျောင်း ၁၀ ကျောင်းက သံဃာတော်များသည် စစ်ကောင်စီကို ဆန့်ကျင်ကံ...
ရဲဝံ့စွန့်စာ ပြည့်ချစ်သား (အမှတ်-၉ စစ်အခြေခံ ခြေလျင်တပ်သားသစ် သင်တန်းဆင်းပွဲ)
July 5, 2024
စစ်မှုထမ်းရှောင်ရန် ပိုက်ဆံပေးထားသူများအတွက် လူအစားထိုးရန် အပြစ်မဲ့ပြည်သူများကို စစ်ကောင်စီက...
July 5, 2024
သတင်းမီဒီယာသမားများကို ရာဇဝတ်သားကဲ့သို့ သဘောထားပြီး ဖမ်းဆီးထောင်ချနေသည့် လုပ်ရပ်ကို ရှုတ်ချ...
July 3, 2024
အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ အိန္ဒိယ-မြန်မာ ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဆလိုင်းအိုက်ဇက်ခင်က...