NCA ရေးထိုးရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ သဘောတူညီချက်ရယူရန်သာ ကျန်ရှိတော့ဟု UNFC ဆို

NCA ရေးထိုးရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ သဘောတူညီချက်ရယူရန်သာ ကျန်ရှိတော့ဟု UNFC ဆို
by -
စိုးသူအောင်

ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ရေးထိုးရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ သဘောတူညီချက်ရယူရန်သာကျန်ရှိ တော့ကြောင်း DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်ကပြောသည်။

'' ပြီးလုဆဲဆဲဖြစ်ပါပြီ။ အထက်ကိုတင်ပြပြီး သဘောတူညီချက်ယူဖို အဲ့တာလေးပဲလိုမယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်'' ဟု ခူဦးရယ်ကဆိုသည်။

UNFC မှဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့(DPN) ဘက်မှ အစိုးရထံ အဆိုပြုထားသည့် အချက် ၈ ချက်အနက် အစိုးရဘက်မှ ပြန်လည်ပြင်ဆင်လိုသည့် အဆိုပြုချက် (၁) နှင့် (၂) ကို ယနေ့ဆွေးနွေးအပြီး ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ နှစ်ချက်မှာ အစိုးရနှင့် တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ၂၄ နာရီ အတွင်း ကြေညာပေးရန် နှင့် အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံကို တည်ဆောက်သွားရန် တို့ဖြစ်သည်။

ထို့အပြင် နှစ်ဖက် အဖွဲ့အစည်းများသို့ တင်ပြပြီးပါက အဆုံးသတ်ဆွေးနွေးရန်အတွက် လာမည့် တစ်ပတ် နှစ်ပတ်အတွင်း ထပ်မံဆွေးနွေးကြရန် သဘောတူညီထားကြောင်း အစိုးရငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်ဦးဇော်ဌေးကဆိုသည်။

UNFCသည်အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့်တစ်နှစ်ခွဲကျော်ကြသည်အထိ အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းလည်းဖြစ်သည်။

ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သည် NCA လက်မှတ် မရေးထိုးရသေးသည့် ရခိုင်အမျိုးသားကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ်အဖွဲ့အစည်း(LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ ဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သည်။

June 3, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်မည်ဆိုပါက ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်...
June 2, 2026
ယမင်းဖူးပွင့်အောင် — ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို စစ်အုပ်စုတပ်က စစ်ကား အစီး ၂၀၀ ဖြင့်...
June 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်စာပေးပို့ထားခြင်း...
May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...