ပထမဆုံးအကြိမ် ကချင်အမျိုးသား တွေ့ဆုံဆွေးနွေးပွဲ

ပထမဆုံးအကြိမ် ကချင်အမျိုးသား တွေ့ဆုံဆွေးနွေးပွဲ

နိုဝင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ကေအိုင်အို အပါအဝင် ကချင်ဘာသာရေး အဖွဲ့အစည်းများ လူထုများဖြင့် ပါဝင်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ရှေ့ လုပ်ငန်းစဉ် အကြံ ပေးအဖွဲ့က ကမကထ ပြုလုပ်ကာ အနာဂတ်နိုင်ငံရေး ဆွေးနွေးပွဲများတွင် ကချင်လူထုတစ်ရပ်လုံး၏ သဘောထားများတစ်ခုတည်း ဖြစ်လာစေရန် ရည်ရွယ်သည့် ပထမဆုံးအကြိမ် ကချင်အမျိုးသားတွေ့ဆုံဆွေးနွေးပွဲ တရပ်ကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် နိုင်ငံရေး၊ လုံခြုံရေးနှင့်ကာကွယ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ စသည့် ခေါင်းစဉ် ၅ ခုအပေါ် အခြေခံကာ အဖွဲ့အစည်း အသီးသီးမှ တင်သွင်းလာကြသည့် စာတမ်းများကို စုစည်းကာ သဘောထားရယူထားခြင်းဖြစ်သည်။

သုံးရက်တာ ကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲတွင် ကချင်ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ ကချင်တိုင်းရင်းသားများနှင့်လူထုများ စုစုပေါင်း လူဦးရေ (၃၈၈) ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။

Most read this week

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...