အပစ်ရပ်လက်မှတ်ထိုးရေး UNFC နှင့် အစိုးရ ၈ ကြိမ်မြောက်တွေ့

အပစ်ရပ်လက်မှတ်ထိုးရေး UNFC နှင့် အစိုးရ ၈ ကြိမ်မြောက်တွေ့
by -
ဇေယျာမော်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးနိုင်ရန်အတွက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့(DPN) နှင့် ငြိမ်းချမ်းရေးကော်မရှင်(PC) တို့၏ (၈) ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ NRPC ရုံးတွင် ယနေ့ (နိုဝင်ဘာ ၈ ရက်နေ့) ပြုလုပ်နေသည်။

ယနေ့ တွေ့ဆုံဆွေးနွေးပွဲ၌ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့(DPN) ဘက်မှ အဆိုပြုထားသည့် အချက်(၈)ချက် အနက် တပ်ပိုင်းဆိုင်ရာနေရာချထားရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားမည်ဟု သိရသည်။

၁၅လ ကြာ အစိုးရနှင့်ဆွေးနွေးလာခဲ့သည့် ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ နေရာချထားရေးကို အဓိကဆွေးနွေး ပြီးပြတ်ပါက ကျန်သည့်အချက်များသည် လွယ်လွယ်ကူကူ ဆွေးနွေးပြီးပြတ်နိုင်မည်ဟု   ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းတွင် DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ထည့်သွင်းပြောဆိုခဲ့သည်။

"ဒီဆွေးနွေးပွဲဟာ နောက်ဆုံးဖြစ်မယ်လို့ နှစ်ဘက်စလုံးက ယုံကြည်ပါတယ်" ဟု ဆွေးနွေးပွဲအဖွင့်မိန့်ခွန်း၌ ခူဦးရယ်က ထည့်သွင်းပြောဆိုခဲ့သည်။

ယနေ့ဆွေးနွေးပွဲကို DPN ဘက်မှ အဖွဲ့ဝင်များ ၊ ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ အဖွဲ့ဝင်များ ၊ တပ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ်များအပြင် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် အဖွဲ့များမှ ကိုယ်စားလှယ်များပါ တက်ရောက်ခဲ့သည်။

Most read this week

March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...
February 22, 2024
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်တွင် ယမန်နေ့ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း...
February 21, 2024
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်စခန်းတခုသာရှိတော့ပြီး မြို့ကိုဝိုင်းထား ကြောင်း...