တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများ စနစ်သစ်တွင် ဝင်ရောက်သင်ကြားခွင့် မရှိ

တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများ စနစ်သစ်တွင် ဝင်ရောက်သင်ကြားခွင့် မရှိ
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့သော စစ်တွေမြို့မှ ကျောင်းသား၊ ကျောင်းသူများ။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့သော စစ်တွေမြို့မှ ကျောင်းသား၊ ကျောင်းသူများ။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  လက်ရှိသင်ကြားနေ သည့် စနစ်သစ်အတန်းများတွင် ဝင်ရောက်ပညာသင်ကြားခွင့် မရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီး စိန်က DMG ကို ပြောသည်။

“ဆယ်တန်းကျတဲ့ကလေးတွေ ကျောင်းပြန်တက်ရမယ့်ကိစ္စက ကျောင်းတွင်းမူဝါဒမရှိသေးဘူး။ သူတို့က လော လောဆယ် ကျောင်းတက်လို့ မရတော့ဘူး။ သူတို့အတွက် စာမေးပွဲကတော့ ဘယ်လိုလာမလဲမသိဘူး” ဟု ဦးဘထွီးစိန်က ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး  မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယနေ့အချိန်ထိ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေး ပေ။

စနစ်ဟောင်းသင်ရိုးညွှန်းတမ်းဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ စစ်ဆေးခြင်းကို ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်ကို နောက် ဆုံးထားပြီး ပညာရေးဝန်ကြီးဌာနက ခွင့်ပြုပေးထားခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဇွန်လ ၉ ရက်နေ့တွင် ထုတ် ပြန်ခဲ့ပြီး စာမေးပွဲကျရှုံးသည့် ကျောင်းသား၊ ကျောင်းသူများမှာ ပြန်လည်ကုစားရေးအနေဖြင့် တစ်နှစ်ထပ်တိုး ဖြေဆိုခွင့်ရရှိရန် လိုလားနေကြသည်။

“စာမေးပွဲ နောက်ထပ်တစ်နှစ် ထပ်ဖြေဆိုခွင့်ပေးစေချင်တယ်။ အဲလိုမဟုတ်ဘဲ စနစ်သစ်ထဲမှာ တက်ခွင့်ရရင် လည်း ကောင်းတာပေါ့။ စနစ်သစ်ထဲမှာတက်ခွင့်ရရင်တော့ ဆယ့်နှစ်တန်း (Grade - 12) အထိ တက်ရမှာလေ။ ကလေးတွေကရော ထပ်တက်ချင်ပါ့မလား” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ရွှေနတ်ပြင်ကျေးရွာမှ ဒေါ်သန်းသန်းနုက ပြောသည်။

ပုံမှန်အားဖြင့် စက်တင်ဘာလတွင် တက္ကသိုလ်ဝင်စာမေးပွဲအတွက် လျှောက်လွှာခေါ်ယူလေ့ရှိပြီး ယခုနှစ်တွင် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲအား ဖြေဆိုခွင့် ထပ်မံပေး၊ မပေးကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ စက်တင် ဘာလအတွင်း၌သာ ထုတ်ပြန်လာနိုင်ကြောင်း ဦးဘထွီးစိန်က ပြောသည်။

စာမေးပွဲကျရှုံးခဲ့သည့် ကျောင်းသူ/သားများမှာ စနစ်သစ် ၁၂ တန်း (Grade -12) ကို ပြင်ပမှဝင်ရောက်ဖြေဆို နိုင်သည်ဟု  ကျောင်းသားများနှင့် ပညာရေးအသိုင်းအဝိုင်းကြးတွင် သတင်းများထွက်ပေါ်နေသည်။

“ဆရာ/မ တချို့ဆီက သိရတာကတော့ ဆယ့်နှစ်တန်းကို ပြင်ကနေပြီး ဝင်ဖြေလို့ရတယ်လို့ ပြောတယ်။ ဆယ့် နှစ်တန်းကို အပြင်ကဝင်ဖြေရမှာဆိုတော့ ကျမတို့သူငယ်ချင်းတွေအကုန်လုံးက ကြောက်နေကြတယ်။ ဆယ့် နှစ်တန်းသာ တက်ရမယ်ဆိုရင် ကျောင်းဆက်မတက်တော့ဘူးလို့ ပြောကြတယ်။ စာတွေလည်း မတူဘူးလေ။ ကျမလည်း စနစ်ဟောင်း ဆယ်တန်းကိုပဲ ပြန်ဖြေချင်တယ်” ဟု ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာမှ မပန်းမြတ်သွယ်က ပြောသည်။

ပညာရေးဝန်ကြီးဌာန အနေဖြင့် စာမေးပွဲ မအောင်မြင်လိုက်သည့် ကျောင်းသူ/သားများအတွက် စီစဉ်ဆောင်ရွက် ထားရှိမှုကို စောလျင်စွာ အသိပေးထုတ်ပြန်သင့်ကြောင်း ပြောဆိုမှုများရှိနေသည်။

“ဆယ့်နှစ်တန်းကို အပြင်ကလေ့လာလို့ဖြစ်ဖြစ် ဝင်ဖြေလို့ရတယ်လို့တော့ ကောလာဟလတွေ ကြားနေရတယ်။ အတိအကျ တရားဝင်ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး ” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ အထက်တန်းပြ ကျောင်းဆရာမတစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၆,၉၂၈ ဦး ရှိပြီး အောင်မြင်သူ ၉,၉၆၄ ဦးရှိကာ ကျရှုံးသူ ၆,၉၆၄ ဦးရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူဦးရေ ၁၆၁,၈၅၀ ဦးရှိခဲ့ပြီး အောင်မြင်သူဦးရေ ၁၀၉,၈၅၁ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်းမှာ ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းဖြစ်သည်။

ရခိုင်ဒေသဈေးကွက်အတွင်း ရောင်းချနေကြသည့် တားမြစ်အလှန်ကုန်ပစ္စည်းအချို့။
November 8, 2024
အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန (FDA) က သုံးစွဲရန်မသင့်ကြောင်း တားမြစ်ထားသည့်...
November 8, 2024
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် သက်ကြီးပိုင်းအရွယ်များ လေဖြတ်ရောဂါဖြစ်ပွားမှု...
စစ်တွေမြို့ရှိ ရွှေနှလုံးတော် ခရစ်ယာန်ဘုရားကျောင်း။  ဓာတ်ပုံ - Sacred Heart Church – Sittwe
November 7, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ခရစ်ယာန်ဘာသာဝင်များ ဘုရားကျောင်းသို့ သွားရောက်ကာ...
November 7, 2024
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အကြား ကုန်သွယ်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန်...