မှတ်ပုံတင်ချထားပေမယ့် နိုင်ငံရေးပါတီတွေ အသက်မဝင်

မှတ်ပုံတင်ချထားပေမယ့် နိုင်ငံရေးပါတီတွေ အသက်မဝင်

ရွေးကောက်ပွဲကျင်းပမယ့်ရက် မကြေညာနိုင်သေးတဲ့ စစ်ကောင်စီက နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့် ဆက် တိုက်ချပေးနေပေမယ့် နိုင်ငံရေးပါတီတွေ အသက်ဝင်မှုမရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ပြောဆိုလိုက် ပါတယ်။

စစ်ကောင်စီဩဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ဧပြီ ၂၀ ရက်ကစပြီး ဇွန်ပထမပတ်အထိ တစ် လကျော်အတွင်း နိုင်ငံရေးပါတီ ၂၂ ခုအထိ မှတ်ပုံတင်ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ဇွန် ၅ ရက်နေ့က စစ်ကောင်စီခန့် လူမှုကယ်ပြန်ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်ဦးဆောင်တဲ့ ပြည်သူ့ ရှေ့ဆောင်ပါတီနဲ့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီတို့ကို မှတ်ပုံတင်ချပေးခဲ့တာပါ။

ဒါပေမဲ့ပါတီဟာ စစ်ကောင်စီလက်ထက်မှာ နိုင်ငံရေးအရပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ခွင့်၊ ဆုံးဖြတ်ခွင့်နဲ့ လှုပ် ရှားဆောင်ရွက်နိုင်စွမ်း မရှိတော့တဲ့ အခြေအနေမှာရှိနေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ စစ်ကောင်စီက မှတ်ပုံတင် ချထား ပေမယ့် လက်ရှိမှာဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဘယ်ပါတီမှာ စည်းရုံးလှုပ် ရှားနိုင်စွမ်းမရှိဘူးလို့ ထောက်ပြပါတယ်။

“လက်တွေ့ကတော့ အခုစစ်ကိုင်းတိုင်းဆိုရင် စစ်ကိုင်းမြို့ကရှိတဲ့ ကောင်းမှုတော်ဘုရားကျော်လို့ရှိရင် ဘယ်သူမှ မသွားရဲမလာရဲပါဘူး။ အခြားတိုင်းဒေသကြီးနဲ့ တောင်တန်းဒေသမှာလည်း စစ်ပွဲတွေဖြစ်နေတဲ့အတွက် ဘယ်သူ မှ စည်းရုံးလှုပ်ရှားမှု မရှိနိုင်ပါဘူး။ ဒါကြောင့်မို့ မှတ်ပုံတင်သာရပြီးတော့ နိုင် ငံရေးလှုပ်ရှားမှု ဘာမှလှုပ်ရှားနိုင်တဲ့ ပါတီမရှိပါဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတောင်မှ စည်းရုံးလှုပ်ရှားမှုတွေ မလုပ်နိုင်ပါဘူး။ နောက်တစ်ခုက တိုင်း ပြည်ရဲ့ နယ်မြေ ၆၀ ရာခိုင်နှုန်းလောက် စိုးမိုးနိုင်စွမ်းမရှိဘဲနဲ့ စစ်ရေးပဋိပက္ခတွေပြင်းထန်တဲ့ အခြေအနေမှာ ရွေး ကောက်ပွဲ ဘယ်နေ့ကျင်းပမယ်ဆိုတာလည်း စစ်ကောင်စီက ကြေညာနိုင်စွမ်းမရှိပါဘူး” လို့ ပြောပါတယ်။

တဖက်မှာတော့ နိုင်ငံရေးပါတီဟာ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီဥပဒေအရ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် တစ်ခုမှာသာ စည်းရုံးမယ့်ပါတီဆိုရင် မှတ်ပုံတင်တဲ့ရက်ကစပြီး ရက်ပေါင်း ၉၀ အ တွင်းပါတီဝင်ဦးရေ အနည်း ဆုံး ၁၀၀၀ ရှိရမှာဖြစ်သလို ရက်ပေါင်း ၁၈၀ အတွင်း တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ် အားလုံးရဲ့ အနည်းဆုံး ၅ မြို့နယ်မှာ ပါတီရုံးခန်းဖွင့်ဖို့ ရုန်းကန်နေရတာပါ။

ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ကျလာတာ တစ်လရှိပြီ ဖြစ် ပေမယ့် ဒီကနေ့အထိ ပါတီတွင်းလှုပ်ရှားမှုတွေကို ဘာတစ်ခုမှမလုပ်နိုင်သေးဘူးလို့ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ခင်း က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ အခုလောလောဆယ် ဘာမှမလုပ်နိုင်သေးဘူးဗျ။ ပါတီညီလာခံအရင်လုပ်ဦးမှာ။ အခက်အခဲဆို တာ ကျွန်တော်တို့ ၅ မြို့နယ် ပါတီရုံးစိုက်ရမှာဆိုတော့ ကျွန်တော်တို့ ရှမ်းတွေရှိတဲ့နေရာတွေက ဗန်းမောက် က လည်း ဘယ်လိုမှ နယ်မြေမအေးချမ်းဘူး။ နောက်တမူး မအေးချမ်းဘူး။ ဖောင်းပြင် မအေးချမ်းဘူး။ ဟုမ္မလင်း တစ်ခုရယ်၊ ခန္တီးရယ် အဲဒီနှစ်ခုပဲ (အေးချမ်းတာ) အဲဒီလို ဖြစ်နေတာ” လို့ သူက ဆိုပါတယ်။

ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီဟာ စစ်ကောင်စီပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စည်းရုံးမယ့်ပါတီအဖြစ် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လက်နက်ကိုင်ခုခံတွန်းလှန်မှု အားကောင်းတဲ့ ဒေသဖြစ် တဲ့အတွက် နယ်မြေတည်ငြိမ်အေးချမ်းမှု အပြည့်အဝမရှိတာကြောင့် ပါတီဝင်အင်အားပြည့်မီဖို့နဲ့ ရုံးခန်းဖွင့်လှစ် နိုင်ဖို့ နိုင်ငံရေးပါတီတွေ စည်းရုံးရေး အခက်တွေ့နေကြတာပါ။

ရှမ်းပြည်နယ်အတွင်း စည်းရုံးမယ့်ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုချက်ရရှိထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ တွဲဘက်အတွင်းရေးမှူး ၂ ခွန်ထွန်းရွှေက မှတ်ပုံတင်ကျလာပေမယ့် ပါတီဝင်အင်အားရရှိဖို့သာ စည်းရုံးနေပြီး ကျန် တာမလုပ်နိုင်သေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ နိုင်ငံရေးပါတီကတော့ UEC ရဲ့ အောက်မှာရှိတယ်ဆိုတော့ သူတို့ ခွင့်ပြုသလောက်ပဲ ကျွန်တော်တို့ လှုပ်ရှားနေပါတယ်ဗျ။ အခုလောလောဆယ်တော့ ကျွန်တော်တို့ ပါတီဝင်တွေရရှိရေး၊ ပါတီအင်အားတွေ ပိုပြီး အားကောင်းအောင် အဲ့ဒီလောက်ပဲ ကျွန်တော်တို့ စည်းရုံးပေးနေပါတယ်ဗျ။ တခြားတော့ ထွေထွေထူးထူးတော့ မရှိပါဘူးဗျ” လို့ သူက ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှု စွပ်စွဲချက်နဲ့ နိုင်ငံ့အာဏာအရပ်ရပ်ကို သိမ်းယူခဲ့တဲ့ အချိန်က စပြီး ရွေးကောက်ပွဲကျင်းပပေးမယ်လို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် နိုင်ငံအနှံ စစ်အာဏာရှင်စနစ် ဖြုတ် ချရေး တိုက်ပွဲတွေ ပိုမိုပြင်းထန်နေတာပါ။

ဒီအခြေအနေကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့တစ်ကျော့ပြန် အာဏာသိမ်း ယူမှု အောက်မှာ အထွေထွေရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ဘဲ စစ်ကောင်စီ အာဏာဆက်ယူဖို့သာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

စစ်ကောင်စီကျင်းပပေးမယ်ဆိုတဲ့ ပါတီစုံဒီမိုကရေစီစနစ် ရွေးကောက်ပွဲအတွက် ဇန်နဝါရီနှောင်းပိုင်းမှာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ဥပဒေသစ်ပြဌာန်းခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း UEC ထံ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင် ခွင့်လျှောက်ဖို့ ထုတ်ပြန်ခဲ့တာပါ။

သတ်မှတ်ရက်ပေါင်း ၆၀ အတွင်း ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားကြတဲ့ နိုင်ငံရေးပါတီ ၆၃ ခုအထိရှိခဲ့ပြီး စစ်ကောင်စီထံ လာရောက်မှတ်ပုံမတင်တဲ့ တည်ဆဲနိုင်ငံရေးပါတီ ၄၀ ကို ပါတီအဖြစ်ကနေ အလို အလျောက်ပျက်ပြယ်တယ်လို့ ကြေညာထားပါတယ်။

ဓာတ်ပုံ-CJ

Most read this week

November 14, 2024
“ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု...
November 14, 2024
စစ်အာဏာသိမ်းမှု သုံးနှစ်‌ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်အလုံးပေါင်း ၁၀၅,၃၀၀...
November 13, 2024
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်စစ်ရှောင်ပြည်သူတွေ...
ဓာတ်ပုံ-CJ
November 12, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း နေထိုင်သူတွေအနေနဲ့ နေအိမ်ခြံစည်းရိုးတွေကို တူညီအရောင်သုတ်ရန်...