Published
Wednesday, June 07, 2023
ရွှေတူးဖော်မှုကြောင့် ရွာပျက်မှာကို မြစ်ကြီးနား- မြစ်ဆုံလမ်းပေါ်က လမုန်ဇွပ်ကျေးရွာခံတွေစိုးရိမ်
- ဝိုင်းမော်မြို့နယ် ဒဘတ်ယန်၊ ကဇူးယန်နဲ့ ဂါးရာယန်ဒေသခံတွေ အမှီပြုနေတဲ့ ဒဘတ်ချောင်းမှာ ရွှေအလွန်အကျွံ တူးဖော်နေတာကြောင့် သက်ဆိုင်ရာကနေ လာရောက်တားဆီးပေးစေလိုတယ်လို့ ဒေသခံတွေက တောင်းဆိုကြပါတယ်။
- မိုးကောင်းမြို့က CDM ပြုလုပ်ထားတဲ့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း ဒေါ်နေခြည်အောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။
- မြစ်ကြီးနား- မြစ်ဆုံလမ်းပေါ်က လမုန်ဇွပ်ကျေးရွာမှာ ရွာခံမဟုတ်တဲ့ ပြင်ပကလူတွေ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေကြတာကြောင့် ရွာပျက်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ် - စတဲ့ သတင်းအကြောင်းအရာတွေကိုလည်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။