Published
Saturday, June 03, 2023
တစ်နှစ်ကျော်ကြာ သွားလာခွင့်ပိတ်ထားခဲ့တဲ့ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်း မိုခါအလွန်မှာသွားလာခွင့်ပြု
- တစ်နှစ်ကျော်ကြာ သွားလာခွင့်ပိတ်ထားခဲ့တဲ့ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်း မိုခါမုန်တိုင်းအလွန်မှာ စစ်ကောင်စီက သွားလာခွင့်ပြုလိုက်ပါတယ်။
- ကျောက်ဖြူမြို့မှာ မုန်တိုင်းသင့်ပြည်သူတွေအတွက် အလှူငွေကောက်ခံမယ့်ကိစ္စ စစ်ကောင်စီက ခွင့်မပြုဘူးလို့ ဆိုပါတယ်။
- မိုးဦးကာလ ရောက်ရှိလာပြီဖြစ်တဲ့အတွက် မုန်တိုင်းသင့် စစ်ဘေးရှောင်တွေအတွက် နေအိမ်အဆောင်တွေ အမြန်ဆုံးပြုပြင်ပေးဖို့လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကပြောဆိုကြပါတယ်။