မွန်အမျိုးသားကျောင်းအများစု စဖွင့်၊ နယ်မြေမတည်ငြိမ်သည့်ဒေသက ကျောင်းအချို့ မဖွင့်နိုင်သေး

မွန်အမျိုးသားကျောင်းအများစု စဖွင့်၊ နယ်မြေမတည်ငြိမ်သည့်ဒေသက ကျောင်းအချို့ မဖွင့်နိုင်သေး

မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားပညာရေးဌာနက မွန်အမျိုးသားကျောင်း အများစု စတင် ဖွင့် လှစ်နေပြီ ဖြစ်သော်လည်း နယ်မြေတည်ငြိမ်မှု မရှိသေးသည့် ဒေသအချို့ရှိ ကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိ သေးဘူးလို့ မွန်အမျိုးသား ပညာရေး ကော်မတီ တာဝန်ရှိသူများက ပြောသည်။

မွန်အမျိုးသား ပညာရေးဌာနရှိ မွန်အမျိုးသားကျောင်းများသည် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ စတင် ဖွင့်လှစ် နေ ခြင်း ဖြစ်သည်ဟု မွန်အမျိုးသားပညာရေး ကော်မတီ တာဝန်ရှိသူများက ပြောသည်။

မွန်အမျိုးသားပညာရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက “နေရာတော်တော် များများမှာရှိတဲ့ မွန်အမျိုးသား ကျောင်းတွေကိုတော့ ဖွင့်လှစ်လိုက်ပါပြီ။ တနင်္သာရီတိုင်း ဒေသ ကြီး ရေဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းတွေ ကိုတော့ နယ်မြေတည်ငြိမ်မှု မရှိသေးတော့ မဖွင့်နိုင်သေးပါဘူး။ မဖွင့်နိုင်သေးတဲ့ကျောင်းက လေးငါးခြောက် ကျောင်းလောက်ပဲ ရှိမှာပါ။ ကျန်တဲ့ ကျောင်းတွေ အားလုံးကတော့ (ဇွန် ၁ ရက်နေ့) မှာ စတင်ဖွင့်လှစ်လိုက်ပြီး ဖြစ်ပါတယ်” ဟု ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တို့ အကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားနေပြီး မေလ ၃၁ ရက်နေ့ကလည်း ရေဖြူမြို့နယ်၊ အလယ်စခန်းရွာနှင့် လော့သိုင်းရွာ အရှေ့ဘက်ခြမ်းရှိ မွန်ကျေးရွာအနီး တဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

မွန်အမျိုးသားကျောင်းများကို မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မွန် တိုင်းရင်းသားများနေထိုင်သည့် ဒေသများတွင်လည်း ဖွင့်လှစ်ထားသည်။

လတ်တလောတွင် ကျောင်းအပ်လက်ခံနေဆဲ ကာလဖြစ်သည့်အတွက် ကျောက်တက်မည့် ကျောင်းသား ကျောင်းသူများ စာရင်းများ ပြုစုနေဆဲဖြစ်သည်ဟု ဆရာမင်းအောင်ဇေက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် မွန်အမျိုးသားကျောင်းများတွင် ဖွင့်လှစ်ထားသည့် မူလတန်းမှ Grade – 11 အထိတွင် ကျောင်းသား/ကျောင်းသူပေါင်း ၁၂၆၈၂ ဦးရှိပြီး ဆရာ/ဆရာမ ၇၆၆  ဦးရှိသည် ဟု မွန်အမျိုးသားပညာရေးဌာနထံမှ သိရသည်။

မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်အမျိုးသား ပညာရေးဌာနတွင် မွန်အမျိုးသား ကျောင်းပေါင်း ၁၃၄ ကျောင်း ရှိသည်ဟု မွန်အမျိုးသားပညာရေးဌာန၏ စာရင်းမှတ်တမ်းများအရ သိရသည်။

Most read this week

November 14, 2024
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ အသက် ၅ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်...
November 14, 2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကလွီကျေးရွာနှင့်ဒရယ်ကျေးရွာကြားတွင် ဆောက်လုပ်မည့် ကျောက်မီးသွေး...
November 13, 2024
မွန်ပြည်နယ်တွင် ယခုနှစ်မိုးစပါးပေါ်ကာလ၌ စပါးအထွက်နှုန်း သိသိသာသာ ကျဆင်းနေသောကြောင့်...
November 12, 2024
ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်နှင့်...