စစ်ကောင်စီလက်ထက် ဆိတ်သုဉ်းသွားတဲ့ ကလေးသူငယ်အခွင့်အရေး

စစ်ကောင်စီလက်ထက် ဆိတ်သုဉ်းသွားတဲ့ ကလေးသူငယ်အခွင့်အရေး

စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော် ကာလအတွင်း ကလေးသူငယ်တွေရဲ့ အခြေခံရပိုင်ခွင့်တွေ အပါအဝင် ရသင့် ရထိုက်တဲ့ အခွင့်အရေး အားလုံးနီးပါး ဆိတ်သုဉ်းသွားပြီလို့ ကလေးသူငယ်အရေး ကူညီဆောင်ရွက်ပေးနေ သူ တွေက တညီတညွတ်တည်း ပြောဆိုလာပါတယ်။

ကလေးသူငယ်တွေရဲ့ စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပြဿနာတွေကြောင့် အခြေခံအခွင့် အရေးတွေ ဖြစ်တဲ့ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့်တွေ အပြည့်အဝမရတော့သလို ဥပဒေအကာအကွယ် တွေလည်း ဆုံးရှုံးခံနေရတာပါ။

အဲဒီထဲမှာတော့ မြို့ပြကကလေးသူငယ်တွေထက် တိုင်းရင်းသားဒေသနဲ့ ကျေးလက်နေ ကလေးသူ ငယ်တွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ပညာသင်ကြားခွင့်တွေကအစ ဆုံးရှုံးနေရသလို ကျန်း မာရေး စောင့်ရှောက်မှုတွေ လုံးဝမရတော့တဲ့ အခြေအနေအထိ ဖြစ်ပေါ်နေပါတယ်။

တဖက်မှာတော့ မြို့ပြနဲ့ကျေးလက်နေ ကလေးသူငယ်တွေကလည်း စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေး ဆက်တိုက်ကျဆင်းလာတာကြောင့် မိသားစုဝမ်းရေးအတွက် ပညာမသင်ကြားနိုင်တော့ဘဲ ကြုံရာအလုပ်တွေ ဝင်ရောက်လုပ်ကိုင်နေရတာပါ။

ကလေးသူငယ်အရေး ကူညီဆောင်ရွက်နေသူ အမျိုးသမီးတစ်ဦးကတော့ စစ်ကောင်စီလက်ထက်မှာ ကလေးသူ ငယ် အခွင့်အရေး ၉၀ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးသွားပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အာဏာစပြီးသိမ်းတယ်ဆိုကတည်းက ကျွန်မတို့ကလေးတွေဟာ အဓိကက ပညာရေးရယ်၊ ကျန်းမာရေး စောင့် ရှောက်မှုတွေပေါ့နော် ဘာဖြစ်သွားလဲဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေးတွေ ကျဆင်းသွားတယ်။ မိသားစုတွေမှာ ကလေးတွေကိုယ်တိုင် စီးပွားထွက်ရှာနေရတဲ့ အဖြစ်တွေရှိတယ်။ အဲဒီအချိန်မှာ ကလေးတွေက အသက်ကလည်းမပြည့်ဘူး၊ ကျောင်းပညာတွေကလည်း တစ်ပိုင်းတစ်စတွေဖြစ်တဲ့အတွက်မို့လို့ ရရာ အလုပ်ကို ဝင်ပြီး လုပ်နေတဲ့အချိန်မှာ သူတို့လုပ်အားခတွေ အပြည့်အဝမရတဲ့ ပြဿနာတွေက ကြုံနေရတယ်၊ သူတို့ပညာ ရေး ဆုံးရှုံးတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကလေးသူငယ်တွေဟာ စားဝတ်နေရေးအခက်အခဲတွေကြောင့် ကြုံရာအလုပ်တွေမှာ ဝင်ရောက် လုပ် ကိုင်ရတဲ့ အတွက် လုပ်ခလစာတွေကို ခေါင်းပုံဖြတ်ခံနေရသလို အသက်မပြည့်သေးတဲ့ အမျိုးသမီးကလေးငယ် တွေဆိုရင်လည်း လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရတာတွေ ရှိနေတာပါ။

အထက်ပါ အမျိုးသမီးက “ကျန်းမာရေးစောင့် ရှောက်မှုအပေါ်မှာ သူတို့ဆီကို အချိန်မရွေးကျရောက်နိုင်တဲ့ အသက်အန္တရာယ်တွေကို ကျွန်မတို့ဒီဘက်က ကာကွယ်စောင့်ရှောက်မှုအပြည့်အဝ လုပ်ပေးမနေနိုင်တဲ့အတွက် ဒီလိုတွေဖြစ်နေတယ်။ ကျွန်မတို့ ကလေးသူငယ်အရေး လုပ်နေတဲ့ အမြင်ဆိုရင် ရာခိုင်နှုန်းအရ ကလေး (၉၀) ရာခိုင်နှုန်းလောက်ကို ကလေးသူငယ်အခွင့်အရေးတွေ အကုန်လုံးဆုံးရှုံးသွားတယ်လို့ မြင်တယ်ပေါ့နော်” လို့ ဆို ပါတယ်။

ကလေးသူငယ်အရေး ကူညီဆောင်ရွက်နေသူ တစ်ဦးကလည်း ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေ ပေမယ့် အာဏာသိမ်းပြီးနောက် အရင်လို ကူညီဆောင်ရွက်ပေးနိုင်တာတွေ မရှိတော့တဲ့အတွက် ရေရှည်မှာ ကလေးသူငယ်တွေရဲ့ အနာဂတ်တွေ ပိုမိုဆိုးရွာလာနိုင်တယ်လို့ ပြောပါတယ်။

“အရင်တုန်းကဆို ဒီကူညီပေးတဲ့ အဖွဲ့အစည်းတွေက ပေါ်ပေါ်ထင်ထင် သွားပြီးတော့ ကူညီပေးနိုင်တာတွေ ရှိခဲ့ တယ်ပေါ့နော်။ အခုအချိန်မှာဆို အဲဒါတွေလုပ်လို့မရဘူးဖြစ်နေတယ်။ ကလေးတွေဆိုလည်း ပိုပြီးတော့တောင် မှ အဖိနှိပ်ခံနေရတယ်။ ဥပမာအားဖြင့် အရင်တုန်းက လုပ်ခလစာတွေက အတော်အသင့်ရှိသေးတယ်၊ ဘေးနား မှာလည်း စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေရှိတယ်။ ကူညီနေတဲ့အဖွဲ့အစည်းတွေရှိတယ်။ အခုချိန်မှာကျတော့ ကျွန်မတို့က ပေါ်ပေါ်ထင်ထင်တွေ မကူညီနိုင်မလုပ်နိုင်တဲ့အချိန်မှာဆို ရေရှည်မှာကလေးတွေ ဒီဘက်မှာလည်း အချိုးဖောက်ခံရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် “ဒီဘက်မှာလည်း သူတို့ကိုပြုစုပျိုးထောင်တာတွေကမရှိလို့ ဥပမာအားဖြင့် လမ်းဘေးရောက်သွားတဲ့ ကလေးတွေပိုပြီးတော့များလာလေလေ ကျွန်မတို့ကလုံခြုံမှုမရှိလေလေ ဖြစ်သွားလိမ့်မယ်။ သူတို့က တောင်း တယ်မရဘူး။ တောင်းလို့မရတဲ့ကလေးက ဘာလုပ်မလဲ။ ကျွန်မတို့တစ်ချက် ပြန်စဉ်စားရမယ်လေ။ သူကဒီပုံစံ နဲ့ပဲ သွားတော့မှာဆိုတော့ ဒီကလေးသူငယ်အခွင့်အရေးတွေက အရမ်းဆိုးနေလို့ အလုပ်အကိုင်တွေက မကောင်း၊ ကလေးတွေရဲ့ အနာဂတ်ကတော့ အဆင်မပြေလောက်ဘူး၊ ပိုပြီး ဆိုးလိမ့်မယ်ပေါ့နော်” လို့ ကလေးသူငယ် အရေး ကူညီဆောင်ရွက်နေသူက ဆက်ပြောပါတယ်။

တိုင်းရင်းသားဒေသနဲ့ ကျေးလက်နေ ကလေးသူငယ်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်ခံရတာတွေရှိသလို အရွယ်မတိုင်ခင် သတ်ဖြတ်ခံရတာတွေပါ ရှိနေတဲ့အတွက် အဆိုးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ဓါးစားခံအဖြစ် ဖမ်းဆီးခံရတာတွေ ရှိနေတာပါ။

ကလေးသူငယ်တွေရဲ့ အခြေခံရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေအပြင် အသက်ရှင်သန်ခွင့်တွေကအစ ဆုံးရှုံးမှုတွေ ကြုံတွေ့နေရတဲ့အတွက် နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်သင့်သလို  ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီမှုတွေကိုလည်း အမြန်ဆုံး လုပ်ဆောင်ပေးသင့်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ထုတ်ပြန်ချက် အရ စစ်တပ်အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ကလေး ၃၉၅ ဦးသေဆုံးခဲ့ပြီး စစ်ကိုင်တိုင်းမှာ သေဆုံးမှုအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ စစ်တပ်အာဏာသိမ်းကာလအတွင်း ကလေးသူငယ် ၆၀၀ ကျော် ဖမ်းဆီးခံထားရပြီး ကလေးသူငယ် ၃၇၀ နီးပါး သတ်ဖြတ်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

Most read this week

November 18, 2024
မွန်ပြည်နယ်မှာ စာသုံးဆီဖူလုံအောင် ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်းနဲ့ နေကြာတို့ကို...
November 14, 2024
“ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု...
November 14, 2024
စစ်အာဏာသိမ်းမှု သုံးနှစ်‌ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်အလုံးပေါင်း ၁၀၅,၃၀၀...
November 13, 2024
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်စစ်ရှောင်ပြည်သူတွေ...