တိုက်ပွဲတွေကြောင့် ဟားခါးမြို့မှာ လာရောက်စစ်ဘေးရှောင်သူ ၂၅၀၀ကျော် ရှိလာ

တိုက်ပွဲတွေကြောင့် ဟားခါးမြို့မှာ လာရောက်စစ်ဘေးရှောင်သူ ၂၅၀၀ကျော် ရှိလာ

ချင်းပြည်နယ်တစ်ခွင် တိုက်ပွဲ အပြင်းအထန်ဖြစ်တဲ့ နောက်ပိုင်း ဟားခါးမြို့မှာ လာရောက် စစ်ဘေးရှောင်လာကြ တဲ့ ပြည်သူ ၂၅၄၆ ဦးအထိ ရှိလာတယ်လို့ ဟားခါးမြို့ အနယ်နယ်အရပ်ရပ်မှ ခရစ်ယာန်ဂိုဏ်းပေါင်းချုပ်က ဖွဲ့စည်းထားတဲ့ IDP(Hakha) မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်လ လောက်ကစပြီး စစ်ဘေးရှောင် ပြည်သူ တိုးလာတာ ဖြစ်တယ်လို့ ကူညီပေးနေသူတွေက ပြောပါ တယ်။

IDP Hakha တာဝန်ရှိသူ တစ်ဦးက “လွန်ခဲ့တဲ့ ၂ လလောက်မှာ စစ်ဘေးရှောင်စာရင်း တော်တော်တိုးလာပါတယ်။ များသောအားဖြင့်တော့ စစ်ကိုင်း တိုင်း၊ ကလေးမြို့ ပြီးရင် ဂန့်ဂေါ နဲ့ ဟားခါးကြားက ရွာငယ်လေးတွေဖြစ်စေ၊ အခု ဟားခါးနဲ့ ကလေးကြားက ရွာတွေဆိုရင်လည်း အမြဲလိုလို စစ်ကြောင်းထိုးခံရတဲ့ ဒေသတွေဆိုတော့ ရွာလုံး ကျွတ် စစ်ဘေးရှောင်နေကြရပါ တယ်။ အခု ကျွန်တော်တို့က Chin Christian University (CCU) မှာ ဟားခါး စစ် ဘေးရှောင် ပရဟိတများ စောင့် ရှောက်ရေးအသင်း စခန်းမှာတော့ မိသားစုနဲ့က ၃၄ စု၊ လူဦးရေနဲ့ ၁၁၁ ဦး၊ ပြီး ရင် ဟားခါးက IDP camp မှာ မနေပဲနဲ့ မြို့ထဲမှာ ဖြစ်ဖြစ် စစ်ဘေးရှောင်ပြီး နေထိုင်တဲ့မိသားစုစာရင်းက ၆၇၃ မိသားစု၊ လူဉီးရေနဲ့ဆို ၂၅၄၆ ဦးရှိပါတယ်” လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေကို ကူညီထောက်ပံ့ရေး စိန်ခေါ်မှုတွေအများကြီးကြားကနေ တတ်နိုင်သလောက် ကူညီပေး နေတာလို့ သူက ဆက်ပြောပါတယ်။

“ဒီ CCU Camp မှာ မနေပဲနဲ့ မြို့တွင်းမှာ စစ်ဘေးရှောင်ကြတဲ့ ပြည်သူတွေကိုလည်း ကျွန်တော်တို့က အတတ်နိုင် ဆုံးတော့ ကူညီထောက်ပံ့ပေးနေပါတယ်။ လိုအပ်ချက်နဲ့ စိန်ခေါ်မှုပေါင်းလည်း မနည်းလှပါဘူး။ အဓိကကတော့ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေရင် စစ်ဘေးရှောင်တွေကတော့ ထပ်တိုးလာမှာပါပဲ၊ ပြောလို့မရဘူး” လို့ IDP Hakha တာဝန်ရှိသူ က ပြောပါတယ်။

CCU စစ်ဘေးရှောင်ပရဟိတများ စောင့်ရှောက်ရေးအသင်းစခန်းမှာတော့ ရောက်ရှိလာကြတဲ့ အနယ်နယ် အရပ်ရပ်က စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းပေးဖို့နဲ့ ရာနှုန်းပြည့်မထောက်ပံ့ပေးနိုင်ရင်တောင်မှ ၇၅% လောက်ထိကို ထောက်ပံ့ပေးနိုင်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

အလားတူ မြို့ပေါ်မှာ အိမ်ဌားနေထိုင်ကြတဲ့သူနဲ့ ဘာသာရေး အဆောက်အအုံတွေမှာ ခဏခိုလှုံတဲ့သူတွေရဲ့ လို အပ်ချက်တွေ ဖြည့်စွက်တဲ့အပိုင်းမှာတော့ အားနည်းချက်လေးတွေ ရှိနေသေးတယ်လို့ ဟားခါးမြို့ အနယ်နယ် အရပ်ရပ်မှ ခရစ်ယာန်ဂိုဏ်းပေါင်းချုပ်က ဖွဲ့စည်းထားတဲ့ IDP(Hakha) အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

စစ်ရှောင်တွေရဲ့ လိုအပ်ချက်တွေက အဓိကအားဖြင့်  ဆန်၊ ဆီ၊ ဆား အစရှိတဲ့ အခြေခံလိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ပံ့ပိုးနိုင်အောင် ကြိုးစားပါတယ်လို့လည်း ထပ်မံဖြည့်စွက်ဖြေကြားထားပါတယ်။

ဟားခါးမြို့ထဲမှာ အိမ်ဌားနေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေကို သူတို့နဲ့ အနီးစပ်ဆုံးဖြစ်ကြတဲ့ ဘာသာရေး အဖွဲ့အစည်းနဲ့ သူတို့ နေထိုင်တဲ့ ရပ်ကွက်သူ/သားတွေရဲ့ ပေးလှူမှုတွေနဲ့ပဲ ပြုစုစောင့်ရှောက် ကူညီပေးနေကြ ရတာ ဖြစ်တယ်လို့ သိရပါတယ်

Most read this week

November 13, 2024
လက်တလောဖြစ်နေတဲ့ စစ်ရေးအခြေအနေအရ ချင်းပြည်နယ် ဖလမ်းမြို့အတွင်း ယာဉ်ကြီး/ ယာဉ်ငယ်အားလုံး...
November 13, 2024
ချင်းပြည်နယ်၊ ဖလမ်းမြို့က ရဲစခန်းနဲ့ မြို့နယ်ထွေအုပ်ရုံးကို  နိုဝင်ဘာလ ၁၂ ရက်နေ့မှာ...
November 12, 2024
ဆောင်းရာသီရောက်လာလို့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ဘေးရှောင်ပြည်သူ ၂ သောင်းဝန်းကျင်လောက်ဟာ...