ရွှေကုက္ကိုလ်ဒေသတွင် မဲနှိုက်စနစ်ဖြင့် တပ်သားသစ်စုဆောင်းမှုများထပ်မံပြုလုပ်လျက်ရှိနေ

ရွှေကုက္ကိုလ်ဒေသတွင် မဲနှိုက်စနစ်ဖြင့် တပ်သားသစ်စုဆောင်းမှုများထပ်မံပြုလုပ်လျက်ရှိနေ

မြဝတီမြို့မြောက်ဘက်၊ ရွှေကုက္ကိုလ်ဒေသတွင် နယ်ခြားစောင့်တပ် (BGF) တပ်များနှင့် ရပ်ကွက်လူကြီးများက ဒေသခံရွာသားများကို မဲနှိုက်စနစ်ဖြင့် BGF အတွက် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုများ ထပ်မံပြုလုပ် လျက်ရှိနေသည်ဟု ဒေသခံရွာသားများက ပြောသည်။

အဆိုပါ မဲနှိုက်စနစ်ကို မေလ ၆ ရက်နေ့မှစတင်၍ ယခုလရက် ၂၀ အတွင်း သတ်မှတ်ထားပြီး ရွှေကုက္ကိုလ် ကျေး ရွာရှိ ရပ်ကွက် တစ်ရပ်ကွက်လျှင် လူဦးရေ ၁၅ ဦးနှုန်းဖြင့် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုများ ပြုလုပ် နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံရွာသာတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ပြီးခဲ့တဲ့တစ်နေ့က သူတို့အစည်းအဝေးလုပ်တယ်။ တစ်ရပ်ကွက်ကို ၁၅ ယောက်စီသူတို့ခေါ် တယ်။ မဲနှိုက်လို့ပေါက်ရင် အဲ့ဒီလူသွားရတာပေါ့။ မဲကဗလာလည်းပါတယ်။ အခုက မဲတော့မနှိုက်ရ သေးဘူး။ ရပ် ကွက်လူကြီးနဲ့ BGF တွေက လိုက်စုနေတယ်။ စစ်သားတွေမှမရှိကြတော့တာ လိုက်ခေါ်ပြီးပေါ့။ သူတို့ မဲ နှိုက်ဖို့ကို ရက် ၂၀အတွင်း သတ်မှတ်ထားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ မဲနှိုက်ရသည့်စနစ်ဖြင့် တပ်သားသစ် စုဆောင်းရသည်မှာလည်း ဒေသခံရွာသားများအနေဖြင့် BGF တပ် သားလုပ်လိုသည့် စိတ်ဆန္ဒမရှိခြင်းနှင့် မလုပ်ရဲကြခြင်းတို့ကြောင့် ဖြစ်သည်ဟု အဆိုပါ ဒေသခံရွာသားက ဆက် ပြောသည်။

“ရွာကသူတွေဘယ်သူမှမလုပ်ရဲဘူး။ အခုချိန်မှာ ဘယ်သူမှလုပ်မရဲဘူး။ အဲ့တာသူတို့က အတင်းအဓမ္မ ခေါ်နေ တယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ထို့အပြင် ရွှေကုက္ကိုလ်ဒေသခံရွာသားများကို မဲနှိုက်စနစ်ဖြင့် တစ်ရပ်ကွက်လျှင် ၁၅ ဦး စစ်သားစု ဆောင်းနေ သည့်အပြင် အနယ်နယ်အရပ်ရပ်မှ လာရောက် အလုပ်လုပ်ကိုင်သည့် လူများကလည်း ဆန်တစ်အိတ်နှင့် ထိုင်း ဘတ်ငွေ ၅၀၀ ဘတ်ပေးဆောင်ရကြောင်း ယာယီအလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ကျမယောက်ကျားတို့ကို စစ်မှုမထမ်းနိုင်ရင် ဆန်တစ်အိတ်နဲ့ ငွေရောပေးရမယ်တဲ့။ ဆန်အိတ်မပါရင် ၁၅၀၀ ဘတ်ပေးရတယ်။ ဆန်အိတ်ပါရင် ၅၀၀ ဘတ်ပဲ။ လက်မခံနိုင်ဘူး၊ ဆန်နဲ့ငွေ မပေးနိုင်ဘူးပြောရင် ဖမ်းခေါ်သွား တာ။ မိန်းကလေးမပါဘူး။ ကျမတို့လို ယာယီနေထိုင်ခွင့်သမားတွေက ဆန်တစ်အိတ်နဲ့ ငွေ ၅၀၀ ပေးရမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ရွှေကုက္ကိုလ်ဒေသတွင် ဒေသခံရွာသားများအပေါ် ယခုကဲ့သို့ တပ်သားသစ်စုဆောင်းမှုနှင့် ပတ်သက်ပြီး သက် ဆိုင်ရာ (BGF)တပ်ဖွဲ့၏ တာဝန်ရှိသူများကို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ် မေးမြန်းခဲ့ သော် လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

အလားတူ ပြီးခဲ့သည့်နှစ်ကလည်း BGF တပ်နယ် (၃) ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်ဒေသအတွင်းရှိ ကျေးရွာများ တွင် နေထိုင်ကြသည့် ဒေသခံလူငယ်များအား တပ်သားသစ်အဖြစ် ခေါ်ယူစုဆောင်းမှုများ ပြုလုပ်ပြီး စစ်မက် ဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း တပ်သားသစ် စုဆောင်းခံခဲ့ရသည့် မိသားစုဝင်များက ကေအိုင်စီသို့ ပြောဆိုခဲ့ဖူးသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားရာ တွင် စစ်ကောင်စီအရာရှိများ၊ တပ်သားများနှင့် BGF တပ်ဖွဲ့၀င်များ အကျအဆုံးများနေသည့်အတွက် ယခုကဲ့သို့ မဲနှိုက်ခေါ်ယူ စုဆောင်းခဲ့ခြင်းဖြစ်သည်။

မလုပ်နိုင်သူသည် ထိုင်းဘတ်ငွေ ၁၀,၀၀၀ အထိ ငွေပေး၍ လူအစားထိုးရှာဖွေပေးရကြောင်း တိုက်ပွဲဖြစ်နေရာ များသို့ BGF တပ်သားအဖြစ် ပို့ဆောင်ခံထားရသည့် ဒေသခံ မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့တွင်လည်း  မြ၀တီမြို့မြောက်ဘက် ရွှေကုက္ကိုလ် ကာစီနိုတရုတ်မြို့သစ် စီမံကိန်း အနီးတွင် ဗိုလ်အယ်စေးဝါး ဦးဆောင်သည့် ကော်သူးလေတပ်မတော် (KTLA) ပူးပေါင်းတပ်နှင့် BGF တပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများလည်းရှိခဲ့သည်။

Most read this week

November 19, 2024
ကရင်ပြည်နယ်၊ ဖားအံမှ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့သို့ သွားသော...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 18, 2024
ဖားအံမြို့ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ယခုလပိုင်းအတွင်း ဈေးမြင့်သိန်းထောင်ချီ မြေကွက်များ ဆက်တိုက်...
November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...