အရပ်သားသေဆုံးမှု စိုးရိမ်ဖွယ်ဖြစ်လာတဲ့ တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းမှု

အရပ်သားသေဆုံးမှု စိုးရိမ်ဖွယ်ဖြစ်လာတဲ့ တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းမှု

မဲမသမာမှု အကြောင်းပြချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က နိုင်ငံ့အာဏာကို တစ်ကျော့ပြန် သိမ်းယူတဲ့ နှစ်နှစ်ကျော်ကာလအတွင်း ဒီမိုကရေစီလိုလားသူနဲ့ စစ်တပ်လိုလားသူ အုပ်စုနှစ်ခုက အရပ်သားရှစ်ထောင်ကျော်အထိ သတ်ဖြတ်ခံထားရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာ သိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၃၄၅၀ ကျော် သတ်ဖြတ်ခံခဲ့ရ တာပါ။

အဲဒီသတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး AAPP ထုတ်ပြန်ချက်ကို သံလွင်တိုင်းမ်က စိစစ်ကြည့်ရာမှာတော့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာ ဖြိုခွင်းခံရတာ၊ စစ်ကြောရေးမှာ အသတ်ခံရတာ၊ ကိုယ်ထိ လက်ရောက် နှိပ်စက်တာ၊ သေဒဏ်ပေးတာတွေအပြင် လေကြောင်းတိုက် ခိုက်ခံရတာ၊ လက်နက်ကြီးထိမှန်တာ နဲ့ ဗုံးပေါက်ကွဲတာတွေလည်း ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ရေးပြင်းထန်တဲ့ ဒေသတွေမှာ ခေါင်းဖြတ်တာ၊ ဓားစာခံနဲ့ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတာ၊ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းတာ၊ မြေမြုပ်မိုင်းနင်းမိတာ၊ အရှင်လတ်လတ်မီးရှို့ခံရတာ၊ အဓမ္မပြုကျင့်ခံရ တာတွေနဲ့ ယာဉ်မောင်းရင်း အပစ်ခံရတာစတဲ့ ဖြစ်စဉ်တွေလည်း ပါဝင်ပါတယ်။

စစ်ကောင်စီကတော့ သူတို့အာဏာသိမ်းယူတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး အခုနှစ် မတ်လလယ် အထိ PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၄၆၄၀ ကျော် ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ချို့ဟာ စစ်ကောင် စီဘက်ကို ထောက်ခံတဲ့ သတင်းပေးဒလန်တွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာ ထိပ်ပိုင်းအရာရှိတွေ ကို ရှင်းလင်းသုတ်သင်တာတွေ ရှိနေတာပါ။

အလားတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့တွေကို အားပေးထောက်ခံတာ၊ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်နေတဲ့ ဒီမိုကရေစီလိုလားသူ အရပ်သားတွေနဲ့ နိုင်ငံ ရေးတက်ကြွသူတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်တာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ဒေသခံပြည်သူတစ်ဦးကတော့ လတ်တလောမှာ လူသားဒိုင်းလုပ်ပြီး သတ်ဖြတ်ခံထားရတဲ့ အရပ်သား ၅ ဦးရှိသလို စစ်တပ်စစ်ဆေးရေးဂိတ်တွေမှာ လမ်းသွားလမ်းလာ အမျိုးသမီးတွေကို ဖမ်းဆီးပြီး မဖွယ်မရာလုပ်တာတွေရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လတ်တလောဖြစ်ထားတာက ကျွန်တော်တို့ ဆားလင်းကြီးမှာ လူသားဒိုင်းကာလုပ်ပြီး လူ ၅ ယောက်ကို သတ် ဖြတ်သွားတယ်။ ခေါင်းဖြတ်တယ်။ နောက်ပြီး သတ်နတ်နဲ့ ပစ်သွားတယ်၊ အဲဒီလိုမျိုး ရှိတယ်။ နောက်ပြီး မုံရွာ - ချောင်းဦးလမ်း စစ်တပ်ဂိတ်မှာ လမ်းသွားလမ်းလာ အမျိုးသမီးတွေကို သူတို့ဖမ်းဆီးပြီး မဖွယ်မရာလုပ် တယ်၊ မုဒိမ်းကျင့်တာမျိုးရှိတယ်။ ပန်းသည်လေးတစ်ယောက်ဆို ဘယ်နေရာမှန်းမသိခေါ်ပြီး လူဦးရေများ စွာနဲ့ မုဒိမ်းကျင့်လိုက်တာ ကောင်မလေးက ပြန်လည်းလွတ်လာရော အိမ်ပြန်ရောက်တော့ အဆိပ်သောက်ပြီး သတ်သေသွားတာမျိုးလည်း ရှိတယ်။ ကျွန်တော်တို့ ချောင်းဦးနားတစ်ဝိုက်မှာ ကောင်မလေးကိုဖမ်းပြီး အင်္ကျီ တွေ ချွတ်ခိုင်းပြီး ဒီအတိုင်းနေခိုင်းတာတို့ အဲ့ဒီလိုမျိုး ကျုးလွန်မှုတွေရှိတယ်ဗျ” လို့ သူက ဆိုပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို လက်နက်ကိုင် ခုခံတော်လှန်စစ် အား ကောင်းတဲ့ ဒေသတစ်ခုဖြစ်တဲ့အတွက် စစ်တပ်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ချေမှုန်းတိုက်ခိုက်ရာမှာ အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ ကျေးရွာပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က အရပ်သားတွေနဲ့အတူ ရုံးဖွင့်ပွဲလုပ်နေချိန်မှာ စစ်ကောင်စီတပ်ကနေ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် အရပ်သား ၁၇၁ ဦး သေဆုံးထားပါတယ်။

တိုင်းရင်းသားဒေသဖြစ်တဲ့ ကရင်နီပြည်နယ်မှာလည်း အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ ဖြစ်စဉ် အများ ဆုံး ဖြစ်နေပြီး မိသားစုလိုက် သတ်ဖြတ်ခံရမှုဟာ အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာဦးဗညားက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့တာ တော်တော်များတယ်။ ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် သေတဲ့ဦးရေက တော် တော်များတယ်။ အများဆုံးထဲ သွားကျတယ်။ ဖမ်းဆီးပြီးသတ်ဖြတ်တဲ့ ပုံစံထဲမှာ မီးရှို့သတ်တာ ရှိတယ်၊ သား ကို ပစ်သတ်တာရှိတယ်။ လင်ကိုပစ်သတ်တာ ရှိတယ်။ ပြီးတော့မှ အစုအလိုက်အပြုံလိုက် မီးရှို့ပစ်တာရှိတယ်။ ဖမ်း ဆီးညှင်းဆဲ သတ်ဖြတ်တာပေါ့။ အဲဒီဟာက အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ရပ်ဖြစ်တယ်။ ပြီး တော့ လမ်းသွားလမ်းလာတွေကို ပစ်ခတ်တာ၊ စစ်ရှောင်တွေရှိတဲ့ စခန်းတွေ၊ ကျေးရွာတွေထဲ ပစ်ခတ်တယ်။ ဗုံး တွေ၊ လေကြောင်းပစ်ခတ်မှုတွေကြောင့် သေဆုံးတာ ဒုတိယအများဆုံးဖြစ်တယ်။ ဒါကစစ်ကောင်စီကနေ မကျုး လွန်သင့်တဲ့ အရပ်သားတွေအပေါ် ကျူးလွန်တဲ့အရာတွေဖြစ်တယ်။ အဲဒါက ရာဇဝတ်မှုမြောက်တဲ့ ပုံစံ အဖြစ် တွေ့ရတယ်” လို့ သူက ဆိုပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စာရင်းတွေအရ အာဏာသိမ်းမှု နှစ်နှစ်ကျော်ကာလအတွင်း ဒေသခံအရပ်သားပြည်သူ ၃၀၀ ကျော် သတ်ဖြတ်ခံထားရသလို စစ်ရှောင်ပြည်သူ ၁၃၄ ဦး သေဆုံးခဲ့ရပြီး လေ ကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၆၀ ကျော် ရှိတယ်လို့ မေ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အမြစ်ဖြတ် ချေမှုန်းရေးလမ်းစဉ်ကို သွားနေကြတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကြား လက်နက်ကိုင်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာပါ။

ဒီအခြေအနေမှာ နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဆုတ်ကပ်ဆိုက်နေတဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ နိုင်ငံ တကာက တိုက်တွန်းနေတဲ့ စားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ခြေဦးလှည့်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

တစ်ဖက်မှာတော့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကလည်း ချမှတ်ခဲ့တဲ့ အချိန်ကစပြီး နှစ်နှစ်ပြည့်သွား သည့်တိုင် နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ ရယူထားတဲ့ စစ်ကောင်စီအနေနဲ့ ဘာတစ်ခုမှ ရေရေရာရာ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပါဘူး။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ လက်ရှိအခြေအနေမှာ နှစ်ဖက်အဖွဲ့တွေအနေနဲ့ နိုင်ငံရေးအရ မဖြေရှင်း နိုင်သ၍ စစ်ရေးနဲ့ဖြေရှင်းကြမယ်ဆိုရင် ပြည်သူတွေ ပိုပြီးအထိနာနိုင်သလို နိုင်ငံဟာပိုပြီး ဆိုးဝါးလာဖို့ရှိတယ်လို့ သုံးသပ်ပါတယ်။

“စစ်ရေးနဲ့ပဲ ဖြေရှင်းကြမယ်ဆိုရင် သူ့ဘက်ကိုယ့်ဘက် အသေအကြေပိုများလာနိုင်တယ်။ ပြည်သူတွေ ပိုဒုက္ခ ရောက်နိုင်တယ်။ တိုင်းပြည်လည်း ပိုပြီးတော့ အဆိုးဘက်ကို ရွေ့လျားသွားမှာဖြစ်တယ်။ နိုင်ငံရေးအရ မဖြေ ရှင်းနိုင်သမျှ မပြောဆိုနိုင်သမျှတော့ နိုင်ငံကပိုပြီး ဆိုးဝါးလာဖို့ရှိတယ်၊ ပိုပြီးတော့ တိုက်ပွဲတွေ ဖြစ်လာမယ်၊ သတ်ဖြတ်မှုတွေ ဖြစ်လာမယ်။ အဲဒီလိုဖြေရှင်းပြီးတော့ နောက်ဆုံးတော့ ပြည်သူတွေလည်း အထိနာ သူတို့ နှစ် ဘက်လည်း အထိနာ နောက်ဆုံးဒီနိုင်ငံက ဘာမှအဘက်ဘက်မှာ ကျရှုံးပြီးရင်းကျရှုံးနိုင်ငံအဖြစ် အဲဒီဘက်ကို တဖြည်းဖြည်းရွေ့လာနေပြီ။ ဖြစ်လည်းဖြစ်လာမယ်လို့ ယုံကြည်တယ်။ နိုင်ငံရေးအရ ဖြေရှင်းမှုကလည်း နှစ် ဘက်စလုံးက မလုပ်ဘူးလို့ပြောတဲ့အခါ ဒီလမ်းကြောင်းမှအပ တခြားသွားမယ့် လမ်းမမြင်ဘူးပေါ့” လို့ သူက ဆိုပါတယ်။

သုတေသန အဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းချိန်ကနေ အခု နှစ်ဆန်း ပိုင်းအထိ တစ်နိုင်ငံလုံးမှာ တိုက်ပွဲပေါင်း ၈၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အာဏာမသိမ်းခင် ဆယ်စုနှစ်အတွင်း ဖြစ် ပွားခဲ့တဲ့ တိုက်ပွဲအကြိမ်ရေ ၄၆၀၀ ကျော်နဲ့ နှိုင်းယှဉ်ကြည့်ရင် နှစ်ဆနီးပါးမြင့်တက်လာတာပါ။

အခုနှစ် လေးလတာအတွင်း တော်လှန်ရေးအင်အားစုတွေဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈၀ နီးပါး သေဆုံးခဲ့တယ်လို့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကို ကိုးကားပြီး Myanmar Peace Monitor ရဲ့ အပတ်စဉ် ထုတ်ပြန်ချက်မှာ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အချက်အလက်တွေအရ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်း ရန်သူ့ အင်အား သုံးသောင်းဝန်းကျင် သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ဒဏ်ရာရသူ တစ်သောင်း ကျော်ရှိခဲ့တယ်လို့ မေ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

Most read this week

November 19, 2024
တပ်အင်အားပြုန်းတီးမှုနဲ့အတူ စစ်သည်လိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ မွန် ပြည်နယ်မှာ...
November 18, 2024
မွန်ပြည်နယ်မှာ စာသုံးဆီဖူလုံအောင် ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်းနဲ့ နေကြာတို့ကို...
November 14, 2024
“ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု...
November 14, 2024
စစ်အာဏာသိမ်းမှု သုံးနှစ်‌ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်အလုံးပေါင်း ၁၀၅,၃၀၀...