သင်္ကြန်ကာလအတွင်း မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ထိပါးမှုများရှိနေ

သင်္ကြန်ကာလအတွင်း မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ထိပါးမှုများရှိနေ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ် ကျေးနယ်ဒေသဘက်ရှိ သင်္ကြန်မဏ္ဍပ်များတွင် ရေကစားကြသော အရက်သေစာ သောက်စားသူများသည် မဏ္ဍပ်ရှေ့ကို ရောက်ရှိလာသော မိန်းကလေးများ၏ ခန္ဓာကိုယ်အား ထိပါးခြင်း၊ မဖွယ်မရာကိုင်တွယ်ခြင်းစသည့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ပြုလုပ်လေ့ရှိသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။

ဆိုယ်ကယ်စီးရင်းပေါင်နှင့်တင်ပါးတိုကို ကိုင်တွယ်ခံရသူ အမျိုးသမီးတစ်ဦးက “စျေးဝယ်ထွက်‌တော့ ရေပက်တဲ့‌နေရာကို ကျော်သွားရမယ်။ ဒီတစ်လမ်းပဲရှိတာဆိုတော့ သွားတယ်။ ရေပက်တာအေးဆေးထင်လို့ ဆိုင်ကယ်အေးဆေးရပ်ပေးတာ သူတို့က သနပ်ခါးတွေနဲ့မျက်နှာ ကိုလိမ်းတယ်။ ပြီးတော့ ခန္ဓာကိုယ်ရဲ့ တင်တွေ၊ ပေါင်တွေကိုကိုင်လိုက်တယ်ပေါ့နော်၊ ရှက်လွန်းလို့ ဘာမှတော့ပြန်မပြောခဲ့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် သင်္ကြန်ကာလအတွင်း ပိုင်ကျုံမြို့နယ် ကျေးလက်ဒေသအချို့တွင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးမှုများအပြင် အရက်များဖြင့် ပက်ကစားခြင်းနှင့် အိတ်ထဲကို ကျောက်ခဲထည့်ပြီး ပစ်ပေါက်ခြင်းများရှိသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။

“ကျနော်ဆိုင်ကယ်စီးရင်းနဲ့ အိတ်ထဲကိုထည့်ပြီးတော့ ကျောက်ခဲနဲ့ပစ်တာ ကျနော်ဆိုရင် ခေါင်းမှန်တာ ရေခံလို့သာ မကွဲတာပေါ့။ အဲ့လိုပက်တာ လုံးဝမဖြစ်သင့်ဘူးလို့ ထင်တယ်လေ၊ သင်္ကြန်မှာရေလောင်းရင် ခပ်ကြမ်းကြမ်းပက်တာ တောင်မှ မဖြစ်သင့်တာ အခုလိုကျောက်ခဲတွေနဲ့ထည့်ပြီး ရေပက်တယ်ဆိုတာ ဒါဟာလုံးဝမဖြစ်သင့်ဘူး။ တာဝန်ရှိသူတွေ စည်းကမ်းဆွဲသင့်တယ်။”ဟု ကျောက်စရစ်ခဲဖြင့် ပစ်ပေါက်ခံရသူ ဒေသခံလူငယ်စောပွယ်စေးက ပြောသည်။

ယခုလို နှစ်ကူးအခါသမယ ရေကစားခြင်းကို အခွင့်ကောင်းယူ၍ မိန်းကလေးများအပေါ် မဖွယ်မရာ ကိုယ်ထိလက်ရောက်ပြုခြင်း ပိုမိုအဖြစ်များနေပြီး မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံရပါ က တာဝန်ယူဖြေရှင်းမှုများကို ထိရောက်စွာအရေးယူသင့်သည်ဟု ဒေသခံအမျိုးသမီးများက ပြောသည်။

နှစ်သစ်ကူးသော သင်္ကြန်နေ့များတွင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများ၊ အရက်သေစာအလွန်အကျူး သောက်စားပြီး အိတ်ထဲကျောက်ခဲထည့်ကာ ပစ်ပေါက်မှုများသည် နှစ်ကူးသင်္ကြန်၏ အနှစ်သာရကို ဖျက်ဆီးရာရောက်ကြောင်း၊ နောင်နှစ်သင်္ကြန်များတွင် ယခုလိုသာဆက်ပြီး ဖြစ်ပေါ်နေမည်ဆိုပါက မြန်မာ့အတာတန်ခူး၏ ရေကစားသော ပုံရိပ်များကျဆင်းသွားမည်ဟုလည်း ဒေသခံရပ်မိရပ်ဖများက ပြောသည်။

ယခုကြုံတွေ့ရသည့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ကြမ်းကြမ်းတမ်းတမ်းဆော့ကစားမှုများ ယဥ်ကျေးမှုမရှိမှုများကို နောင်နှစ်များတွင် ပိတ်ပင်သွားပြီး ယဥ်ယဥ်ကျေးကျေးစည်စည်ကားကားဖြင့် အေးအေးချမ်းချမ်းရေကစား၍ရအောင် ဆောင်ရွက်ပေးသွားမည်ဟု ဒေသခံတာဝန်ရှိသူများက ပြောသည်။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...