ဘီးလင်းတွင် BGF ဂိတ်စခန်းတိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ အရာရှိ(၂)ဦးသေဆုံး

ဘီးလင်းတွင် BGF ဂိတ်စခန်းတိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ အရာရှိ(၂)ဦးသေဆုံး

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ မဲလံနယ်ခြားစောင့်တပ်-BGF ဂိတ်စခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်များက ယမန်နေ့ ဧပြီလ(၉) ရက်နေ့နံ နက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ရာ BGF ဘက်မှ ဗိုလ်အဆင့်ရှိသူအရာရှိ(၂)ဦးသေဆုံးခဲ့ကြောင်း ပူးပေါင်းအဖွဲ့တွင်ပါဝင်သော သထုံမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)က သတင်းထုတ်ပြန် သည်။

အဆိုပါ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် ပူးပေါင်းတပ်များတွင် TPDF အပြင် ကျိုက်ထို တော်လှန်ရေးအင်အားစု(KRF)၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်း‌ဒေါမ်) PPDF-KD နှင့် ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း ပါဝင်နေပြီး BGF စခန်းပေါ်သို့ ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်ခဲ့ခြင်းကြောင့် BGF အရာရှိနှစ်ဦးသေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရရှိသူများ လည်းရှိကြောင်း TPDF မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

၎င်းတာဝန်ခံက“ကျနော်တို့ပစ်ခတ်ပြီးတော့ နည်းနည်းလေးကြာတော့ သူတို့(BGF)ဘက်က ကျနော်တို့ရှိလောက်မယ့်နေရာကို မှန်းပြီးလက်နက်ကြီး၊ ငယ်နဲ့ပြန်ပစ်တာတော့ရှိတယ်။ ကျနော်တို့ ဘက်ကတော့ အထိအခိုက်မရှိပါဘူး။ ပြီးတော့ အဲဒီပတ်ဝန်းကျင်က ဒေသခံတွေအပေါ် တိုက်ခိုက် မှုကြောင့် သက်ရောက်မှုဖြစ်စေတာတော့မရှိဘူး” ဟု ကေအိုင်စီသို့ပြောသည်။

လက်ရှိတွင် ပစ်ခတ်မှုပြီးနောက် မဲလံစခန်းနားတစ်ဝိုက် စစ်ဆေးရေးများပုံမှန်လုပ်ဆောင်နေပြီး တင်းကြပ်ဆောင်ရွက်ထားခြင်းမျိုးမရှိသေးကြောင်း အဆိုပါ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

ထို့အပြင် ဘီးလင်းမြို့နယ် မဲလံ BGF ဂိတ်စခန်းတိုက်ခိုက်ခံရမှုတွင် အရာရှိနှစ်ဦးသေဆုံးခဲ့မှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်မှ ထုတ်ပြန်ချက် တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မတွေ့ရှိရသေးပါ။

အလားတူ ပြီးခဲ့သည့်မတ်လ(၂၁)ရက်နေ့ကလည်း KNLA နှင့်ပူးပေါင်းတပ်ဖွဲ့များက ကျိုက်ထိုမြို့ နယ်အခြေစိုက် အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်ရှိ တပ်မမှူးနေအိမ်နှင့်ဌာနချုပ်ရုံးသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်မှ အနီးအနားကျေးရွာများသို့ လက်နက်ကြီးဖြင့်တုံ့ ပြန်ပစ်ခတ်ခြင်းများလုပ်ဆောင်ခဲ့သေးသည်။

၎င်းအပြင် မတ်လတစ်လတာအတွင်း သထုံခရိုင်တွင် TPDF အပါအဝင် KNLA နှင့်ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းဖော်ဆောင်ခဲ့သည့် စစ်ဆင်ရေး ၈ ခုအတွင်း စစ်ကောင်စီဘက်မှ (၁၀)ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ အနည်းဆုံး(၇)ဦးရှိခဲ့သည်ဟု TPDF ၏ လူမှုကွန်ရက်စာမျက်နှာပေါ်၌ မတ်လ(၃၁)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...