မိမိတပ်ဖွဲ့ဝင်များကို ကြပ်မတ်သွားရန် အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့များအား စစ်ကောင်စီ အသိပေးစာပေးပို့

မိမိတပ်ဖွဲ့ဝင်များကို ကြပ်မတ်သွားရန် အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့များအား စစ်ကောင်စီ အသိပေးစာပေးပို့

ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် ခရီးသွားလာပါက သက်ဆိုင်ရာ အကြီးအကဲနှင့် ဆက်ဆံရေးရုံးများကို သတင်းပေးပို့သွားရန် ပြည်နယ်စစ်ကောင်စီလုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က သက်ဆိုင်ရာဆက်ဆံရေးရုံးများကို အသိပေးစာများပေးပို့ခဲ့သည်ဟု သိရသည်။

အဆိုပါ အသိပေးစာကို ဖားအံမြို့ရှိ NCA အပစ်ရပ် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်သည့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ ဆက်ဆံရေးရုံး၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA –PC )ဆက်ဆံရေးရုံးနှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA ဆက်ဆံရေးရုံး များကို ယခင်လ မတ်လ (၂၈)ရက်နေ့စွဲဖြင့် စစ်ကောင်စီ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က စာပေးပို့ခဲ့ခြင်းဖြစ်သည်။

၎င်းအသိပေးစာပေးပို့မှုသည် ပြည်နယ်အတွင်း တစ်နေရာနှင့်တစ်နေရာသို့ လက်နက်နှင့် အတူသွားလာနေသည့် တပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာ ဆက်ဆံရေးရုံးမှတစ်ဆင့် သတင်းပေးပို့ခိုင်းခြင်းဖြစ်သည်ဟု DKBA ဆက်ဆံရေးရုံး (ဖားအံ) တာဝန်ခံ ဗိုလ်မှူးစိုးမိုးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ မြဝတီဖြစ်ဖြစ်၊ ကြာအင်းဆိပ်ကြီးတို့ပဲဖြစ် နယ်ကျော်ပြီး ဆင်းလာပြီးဆိုရင် လက်နက်ဘယ်လောက်၊ ဘာကားနဲ့လဲ လူအားဘယ်လောက်ပါလဲဆိုတာ သူတို့ကို သတင်းပို့ရတယ်။ အဲဒီကနေ သူတို့က သက်ဆိုင်ရာ ဂိတ်တွေကိုသတင်းပြန်ပို့မယ်။ အရင်တုန်းက လည်းပို့ရတယ်။ ဒါပေမယ့် အခုက ပိုပြီးအရေးကြီးတာပေါ့ ၊ သူတို့ကို အဲလိုပဲ ပစ်နေတာများတော့။ ” ဟု ပြောသည်။

ပြည်နယ်စစ်ကောင်စီ နယ်လုံ၏ အသိပေးစာထဲတွင် ခရီးသွားလာနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် စနစ်တကျ သွားလာမှုမရှိ(မရှိ)သဖြင့် မလိုလားအပ်သော ဖြစ်ရပ်များ ဖြစ်ပွားလျက်ရှိကြောင်းတွေ့ရှိရသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်များအနေဖြင့် မည်သည့်ဒေသို့မဆို ခရီးသွားလာရာတွင် သက်ဆိုင်ရာအထက်အကြီးအကဲသို့ သတင်းရန် ဖော်ပြထားသည်။

ထို့အပြင် သက်ဆိုင်ရာဆက်ဆံရေးရုံးများသို့ ဆက်သွယ်၍ ကြိုတင်သတင်းပို့ပြီးမှသာ ထွက်ခွာရန်နှင့် ရောက်ရှိ ကြောင်း တိကျစွာ ဝင်ရောက်သတင်းပို့ရန်တို့အား မိမိတို့ တပ်ဖွဲ့ဝင်အားလုံးသိရှိအောင် ချပြရှင်းလင်း ထားရန်ကိုလည်း ဖော်ပြပါရှိသည်။

ထိုအသိပေးစာအပေါ် KNU/KNLA-PC ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကလည်း “ အရင်တုန်းကတော့ ဒီလိုသဘောတူထားတာရှိတယ်။ သွားကြတာပဲ နှစ်ပေါင်းများစွာ။ အခုက အခြေအနေက နည်းနည်းလေး အခက်အခဲ စိန်ခေါ်မှုတွေ များလာတဲ့အခါကျတော့ တစ်ယောက်နဲ့တစ်ယောက် ပြဿနာမဖြစ်အောင် ၊ အထင်မှားအမြင်မှားလည်းမဖြစ်အောင် ကြိုတင်ကာကွယ်လို့လည်းရအောင်ပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်အတွင်းရှိ မြို့များဖြစ်သည့် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် ကျုံဒိုး မြို့များတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ မြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်ကာ တိုက်ခိုက်မှုများလာသည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ သွားလာရေးနှင့်ပတ်သက်၍ ယခုလို ကြပ်မတ်လုပ်ဆောင်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တွင်လည်း မြဝတီမြို့အနီးရှိ တိုက်ပွဲဖြစ်ပွားမှုများလာသည့်အချိန်တွင် စစ်ကောင်စီက မြဝတီမြို့နှင့် အနီးအနားဒေသတစ်ဝိုက်သို့ ဖြတ်သန်းသွားလာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် (၂)ရက်ကြိုတင် သတင်းပို့ရပြီး ခွင့်ပြုချက်ရမှသာသွားလာရန် သက်ဆိုင်ရာ ဆက်ဆံရေးရုံးမှတစ်ဆင့် အသိပေးစာပေးပို့ခဲ့သေးသည်။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...