ကုန်တင်ကားများကို စစ်ကောင်စီက မကြာခဏ ချောဆွဲနေကြောင်း ကားသမားများပြော

ကုန်တင်ကားများကို စစ်ကောင်စီက မကြာခဏ ချောဆွဲနေကြောင်း ကားသမားများပြော

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီက ဒေသခံပြည်သူ ကုန်တင် ကားများကို မကြာခဏချောဆွဲခြင်းများ ပြုလုပ်လျက်ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသည့် ယာဉ်မောင်း သမားများက ပြောသည်။

ကော့သောင်းမြို့နယ်တွင် အာဏာသိမ်းကာလအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေသလို ယခင်ဖေဖော်ဝါရီလမှစ၍လည်း ပြည်သူပိုင် ကုန်တင်ယာဉ်များကို အတင်းအဓမ္မချောဆွဲ၍ သွားလိုသည့်နေရာများကို လိုက်ပို့ပေးခဲ့ရကြောင်း  ကိုယ်တိုင် ကြုံ တွေ့ခဲ့ရသူ ယာဉ်မောင်းတစ်ဦးက ယခုလို ပြောသည်။

၎င်းက “သူတို့က မကြာခဏချောဆွဲတာတွေကိုလုပ်တာ။ အဲ့လိုချောဆွဲတဲ့အခါကျရင် သူတို့သွားချင်တဲ့ နေရာကို လိုက်ပို့ရတယ်။ အဲ့ဒီမှာသူတို့မှာပါလာတဲ့ သေနတ်တွေရော အကုန်ကားပေါ်တင်ရတယ်။ မတင်ပေးလို့ ကလည်းမရဘူး။ ကိုယ်ကကြောက်တော့လည်း လုပ်ပေးရတာပေါ့။” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကလည်း စစ်ကောင်စီဘက်မှ မိုင်းထိလူနာများကို သယ်ဆောင်ရန်အတွက် ကုန်တင်ကားတစ်စီးကို ချောဆွဲခဲ့သောကြောင့် ယာဉ်သွားရာလမ်းခရီးတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုခံခဲ့ရကာ ကုန်တင်ကားယာဉ်မောင်းသူတစ်ဦးကျည် ထိမှန်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ဖူးသည်ဟု ၎င်းယာဉ်မောင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကော့သောင်းနယ်စပ်ဘက်မှာက တိုက်ပွဲတွေဖြစ်နေတယ်။ ချောဆွဲပါသွားတဲ့ သူငယ်ချင်းတစ်ယောက်တောင် ကျည်ထိသေးတယ်။ ရှေ့လက စစ်ကောင်စီဘက်က ဝိုင်ဒင်းရွာမှာမိုင်းထိတယ်။ အဲ့ဒီလူတွေ ကို လုံးဖောမှာ သွားကြိုရင်း PDF တွေက လမ်းကစောင့်ပစ်လိုက်တယ်။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

အလားတူ ကော့သောင်းမြို့နယ်ရှိ ကျေးရွာများဘက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက မကြာခဏ ပေါ်တာဆွဲခြင်များ ပြုလုပ်လျက်ရှိနေကြောင်းလည်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း ယခုဖြစ်စဉ်နှင့်အလားတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိုက်ဆံမပေးဘဲ ကားများကို နေ့ခင်းဘက်အချိန်တွင် လိုက်ပါစီးနင်းခြင်းများ ပြုလုပ်သည့်အပြင် ၎င်းတို့သယ်ဆောင် လာသော လက်နက်ခဲယမ်းများကို တင်ဆောင်ပေးခြင်းများ ပြုလုပ်ပေးရကြောင်း ကိုယ်တိုင်ကြုံတွေ့သူ ကုန်တင်ကားမောင်းသူများ၏ ပြောကြားချက်အရ သိရသည်။

Most read this week

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...