Published
Friday, February 03, 2023
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်အယောက် ၈၀ ကျော် ဖမ်းဆီးခံရ
- အိန္ဒိယအရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်အယောက် ၈၀ ကျော်ကို မဏိပူရ်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
- ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့က အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၁၃ ဦးကို ဖမ်းဆီးပြီး နေအိမ် ၃ လုံးကိုလည်း မြေထိုးစက်ကြီးတွေနဲ့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
- စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့အထက်ပိုင်း ကွန်းတောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချင်းလူငယ် ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။