- ပူတာအိုမြို့နယ် ဖတ်မာကျေးရွာက ဖတ်မာချောင်းမှာ အာဏာရှိသူတွေက စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတဲ့အတွက် ဒေသခံပြည်သူတွေ သောက်သုံးရေအခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
- မံစီမြို့နယ် ဒိန်ဆင်းပါဒေသမှာ မြေရှားသတ္တုတူးဖော်မှုနဲ့ပတ်သက်ပြီး KIO ဌာနချုပ်နဲ့ တွေ့ဆုံဆွေးနွေးမှုအပေါ် စိတ်ကျေနပ်မှုမရရှိတဲ့အတွက် စီမံကိန်း လုံးဝရပ်တန့်သွားအောင် ဆက်လက်ကန့်ကွက်သွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။
- ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသမှာလည်း စစ်ကောင်စီက ရွေးကောက်ပွဲအတွက် နာမည်စာရင်းလိုက်လံကောက်ခံနေပါပြီ။ မြန်မာပြည်တစ်ပြည်လုံးရဲ့ ထမင်းအိုးလို့ တင်စားကြတဲ့ ဖားကန့်ဒေသမှာ လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေ ဘယ်လိုရှိနေပါသလဲ။ ဒေသအကြောင်းကျွမ်းကျင်တဲ့ဒေသခံတစ်ဦးကို KNG သတင်းထောက် မလုလုဒင် က ဆက်သွယ်မေးမြန်းထားပါတယ်။