Published
Wednesday, December 28, 2022
စစ်ရှောင်ရဲ့စားဝတ်နေရေးကို မျက်ကွယ်ပြုပြီး နေရပ်ပြန်ရေးနဲ့ စခန်းပိတ်သိမ်းဖို့ ပြည်နယ်ကောင်စီကစီစဉ်နေ (ဒီဇင်ဘာလ ၂၅၊ ၂၀၂၂)
- အမှိုက်သိမ်းစနစ်အားနည်းတဲ့အတွက် ရခိုင်က မြို့နယ်တွေမှာ အမှိုက်အနံ့ဆိုးတွေထွက်လာပြီး ဒေသခံတွေနဲ့ လမ်းသွားလမ်းလာသူတွေအတွက် အနှောက်အယှက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရခိုင်မှာ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးကို မျက်ကွယ်ပြုပြီး နေရပ်ပြန်ရေးနဲ့ စစ်ဘေးရှောင်စခန်းတွေကို ပိတ်သိမ်းဖို့ ပြည်နယ်ကောင်စီက စီစဉ်နေပါတယ်။
- ရှေးဟောင်းအမွေအနှစ်တွေရှိတဲ့ မြောက်ဦးမြို့မှာ ခိုးဆိုလုယက်မှုတွေ တဖြည်းဖြည်းကျယ်ပြန့်လာနေတဲ့ သတင်းအပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကို ကျမအေးမြတ်ခိုင်က တင်ဆက်ပေးသွားမှာပါ။