Published
Monday, December 19, 2022
ရခိုင်က စစ်ဘေးရှောင်စခန်းအများစုမှာ စားနပ်ရိက္ခာတွေအပါအဝင် အနွေးထည်၊ စောင် အရေးတကြီးလိုအပ်နေ (ဒီဇင်ဘာလ ၁၈၊ ၂၀၂၂)
- ဒီဇင်ဘာ ၁၅ ရက်နေ့မှာကျရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်နေ့ကို စစ်ကောင်စီက ခမ်းခမ်းနားနားကျင်းပနေတာဟာ ရခိုင်ပြည်သူလူထုကို မျက်နှာချိုသပ်ပြီးလှည့်စားဖို့အတွက် စစ်ကောင်စီက ပြုလုပ်နေခြင်းသာဖြစ်တယ်လို့ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူက ဝေဖန်ပြောဆိုနေကြပါတယ်။
- ရခိုင်မှာ ပြေးဆွဲနေတဲ့ ရွှေပြည်တန်အမြန်ရေယာဉ်နဲ့ စစ်ကောင်စီ စစ်ရေယာဉ် တိုက်မိတာကြောင့် ခရီးသည်သုံးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
- ဆောင်းဦးရာသီကို ရောက်လာနေတဲ့အတွက် ရခိုင်က စစ်ဘေးရှောင်စခန်းအများစုမှာ စားနပ်ရိက္ခာတွေအပါအဝင် အနွေးထည်၊ စောင် အရေးတကြီးလိုအပ်နေပါတယ်။