Published
Friday, December 16, 2022
သိက္ခာတော်ရဆရာတော် သျှန်းလျှန်ဆန်း ကို စစ်ကောင်စီက အလုပ်ကြမ်းနဲ့ထောင်ဒဏ်နှစ် ၂၀ ကျော်ချမှတ်
- ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်က သိက္ခာတော်ရဆရာတော် သျှန်းလျှန်ဆန်းကို စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ ကျော် အမိန့်ချမှတ်လိုက်ပါတယ်။
- ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုကြောင့် တောင်ယာထဲစစ်ဘေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူ ၄ ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
- စစ်ရေးအခြေအနေတင်းမာနေတဲ့ ကလေးမြို့အနောက်မြောက်ဘက် နန်းချောင်းကျေးရွာက ဘုရားကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ် ၁၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့တယ်လို့ သိရပါတယ်။