Published
Friday, November 11, 2022
ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပိုမိုအသုံးပြုလာနိုင်တယ်လို့ CNF ပြော
- စစ်ရေးအခြေအနေတင်းမာနေတဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးဗျူဟာတွေပြောင်းလဲလာပြီး လက်နက်ကြီးပစ်ခတ်မှုတွေ ပိုမိုအသုံးပြုလာကာ လေကြောင်းတိုက်ခိုက်မှုကိုလည်း ပိုမိုအသုံးပြုလာနိုင်တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)က ပြောဆိုပါတယ်။
- ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တာကြောင့် ကျေးရွာ ၃ ရွာက ဒေသခံပြည်သူ ၃၀၀ ကျော်ဟာ နီးစပ်ရွာကျေးရွာတွေကို ကြိုတင်ပြီး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
- စစ်အာဏာရှင်ကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်နေတဲ့ စတုတ္ထနှစ် ဥပဒေကျောင်းသူ ဇိုးတုန်ချင်းတိုင်းရင်းသူနဲ့ တွေ့ဆုံမေးမြန်းထားတာကိုလည်း တင်ဆက်မှာဖြစ်ပါတယ်။