Published
Saturday, October 29, 2022
အနန့်ပါ ဗုံးကြဲခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို စစ်ကောင်စီက ဆေးကုသခွင့်ပိတ်ပင်
ဖားကန့်မြို့နယ် အနန့်ပါမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသခွင့်မပေးဘဲ တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။
မိုးမောက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒီသတင်းပတ်တစ်ပတ်လုံးမှာ စစ်အင်အား၊ လက်နက်အင်အားနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ကို ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။
ဖားကန့်မြို့နယ် အနန့်ပါမှာ ပြည်သူ ၆၀ ခန့်သေဆုံးခဲ့ရတဲ့အဖြစ်အပျက်ဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ လူ့အခွင့်အရေးနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်လို့ လူထုအရပ်ဘက်အဖွဲ့အစည်းက တာဝန်ရှိသူတွေက ပြောပါတယ်။