Published
Friday, September 30, 2022
စစ်ကောင်စီက မတူပီမြို့ရဲ့ အဝင်အထွက်အားလုံးကို ပိတ်ပင်တဲ့အပြင် ကုန်ပစ္စည်းသယ်ယူခွင့်ကိုပါတားမြစ်
- ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ရဲ့ အဝင်အထွက်အားလုံးကို စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး ခရီးသွားလာခွင့်နဲ့ကုန်ပစ္စည်းသယ်ယူခွင့်ကိုလည်း တားမြစ်လိုက်ပါတယ်။
- ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF-Kanpetlet တပ်ဖွဲ့တို့အကြားတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။
- အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် တက္ကသိုလ်မှာ မြန်မာဘာသာရပ်ကို လာမယ့်အောက်တိုဘာလကစပြီး သင်ကြားတော့မယ်လို့ သိရပါတယ်။