Published
Wednesday, September 28, 2022
ထိုင်းကိုရောက်လာတဲ့ မြန်မာပြည်သူတွေကို ထိုင်းရောက်ကရင်လူမျိုးအလုပ်ရှင်က အလုပ်အကိုင်အခွင့်အလမ်းပေးနေ (စက်တင်ဘာလ ၂၈၊ ၂၀၂၂)
- ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ၊ မဲဝိုင်စခန်းမှာ ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ချတဲ့ စစ်သုံးပစ္စည်းတွေ သွားကောက်ယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကော်သူးလေတပ်မတော်က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
- ကော့ကရိတ် မြို့နယ်ရဲတပ်ဖွဲ့ စခန်း၂ ခု တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အပြီး ရဲတပ်ဖွဲ့ဝင်တွေ စိတ်ဓါတ်ကျအခက်တွေ့နေကြတယ်လို့ သိရပါတယ်။
- စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံကနေ ထိုင်းကိုရောက်ရှိလာတဲ့ မြန်မာပြည်သူတွေကို ထိုင်းရောက်ကရင်လူမျိုး အလုပ်ရှင်တွေက အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးနေပါတယ်။