Published
Wednesday, September 14, 2022
တပ်မဟာ(၆)မှာတိုက်ပွဲကြောင့် မြို့တွင်းနဲ့ကျေးလက်ကျေးရွာတချို့က စာသင်ကျောင်းတွေပုံမှန်မဖွင့်လှစ်နိုင် (စက်တင်ဘာလ ၁၄၊ ၂၀၂၂)
- ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲကတိုက်ပွဲတွေကြောင့် မြို့တွင်းနဲ့ ကျေးလက်ကျေးရွာတချို့က စာသင်ကျောင်းတွေ ပုံမှန်မဖွင့်လှစ်နိုင်တော့ဘူးလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
- ကရင်အမျိုးသားရဲတပ်ဖွဲ့ကို ပြည်သူလူထုတွေ ယုံကြည်အားထားရတဲ့ ရဲတပ်ဖွဲ့ဖြစ်ဖို့အတွက် ကြိုးပမ်းအားထုတ်သွားဖို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်းလိုက်ပါတယ်။
- ကေအဲန်ယူ၊ ဖားအံခရိုင်၊ ကရင်လူငယ်အစည်းအရုံး(KYO)ရဲ့ ၈ ကြိမ်မြောက် ခရိုင်အဆင့် အလုပ်အမှုဆောင်ကော်မတီ ပြန်လည်ရွေးကောက်ပွဲကို ပိုင်ကျုံမြို့နယ်မှာ ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါတယ်။