Published
Saturday, September 10, 2022
မိုးမောက်မြို့နယ်ကကျေးရွာတွေထဲ စစ်ကောင်စီတပ်ဝင်ရောက်လာတာကြောင့် ရွာသူရွာသားတွေထွက်ပြေးတိမ်းရှောင်
ကချင်ပြည်နယ်အထက်ပိုင်း ဆွမ်ပရာဘွမ်မြို့နယ်နဲ့အင်ဂျန်းယန်မြို့နယ်ရှိ အူမားဘွမ်ဒေသခံတွေရဲ့ တောင်ယာစပါးခင်းအားလုံးကို စပါးဖျက်ပိုးကောင်နဲ့ ကြွက်တွေဖျက်ဆီးနေတာကြောင့် အစာရေစာခေါင်းပါးမှုဒဏ်ကို စတင်ကြုံတွေ့နေရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ KIA ရဲ့ တပ်မဟာ ၆ တပ်ရင်း ၉ နယ်မြေကို စစ်ကောင်စီတပ်က လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပါတယ်။
မိုးမောက်မြို့နယ် ၀ဝမ်ကျေးရွာနဲ့ခါနန်ကျေးရွာဒေသခံတွေဟာ စစ်ကောင်စီတပ်က အင်အားနဲ့ ကျေးရွာထဲဝင်ရောက်လာတာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။