Published
Monday, September 05, 2022
အရပ်သားပြည်သူ ၂,၂၀၀ ကျော်ကို စစ်ကောင်စီကအကြမ်းဖက်သတ်ဖြတ်
စစ်အာဏာသိမ်းချိန်ကစပြီး စက်တင်ဘာလ ၁ ရက်နေ့အထိ ပြည်သူ ၂,၂၀၀ ကျော်ကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(အေအေ)က စစ်ကောင်စီတပ် ထောက်ပို့ကုန်းလမ်းကြောင်းတွေကို ဖြတ်တောက်ထားတဲ့အတွက် ရေကြောင်းနဲ့လေကြောင်းကသာ ရိက္ခာပို့ဆောင်နေကြရပါတယ်။
နောင်ချိုမြို့နယ်က စစ်ဘေးရှောင် ၆၀၀ ကျော်အတွက် စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေပါတယ်။