Published
Wednesday, August 17, 2022
ပြည်သူတွေအနေနဲ့လာရောက်ပူးပေါင်းပြီး ရန်သူကိုအမြစ်ပြတ်တိုက်ထုတ်သွားမယ်လို့ဗိုလ်ချုပ်ကြီးစောဂျော်နီဆို (ဩဂုတ်လ ၁၇၊ ၂၀၂၂)
- အစုအဖွဲ့ကွဲပြားနေတဲ့ ကရင်တော်လှန်ရေးလက်နက်ကိုင်တွေ ပြန်လည်စုစည်းပြီး အာဇာနည်ခေါင်းဆောင်တွေ ချမှတ်ထားတဲ့ ပန်းတိုင်ရောက်တဲ့အထိ ကြိုးစားဆောင်ရွက်သွားမယ်လို့ DKBA အဖွဲ့က ပြောဆိုလိုက်ပါတယ်။
- ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ထဲမှာ ဓာတ်မြေသြဇာဈေးတွေမြင့်တက်လာတာကြောင့် ရာဘာခြံလုပ်ငန်းလုပ်ကိုင်သူအများစုဟာ ဈေးပိုသက်သာတဲ့ တခြားမြေသြဇာတွေနဲ့ ဆိတ်ချေးမြေသြဇာကိုပါ ရောနှောအသုံးပြုနေရတယ်လို့ ခြံပိုင်ရှင်တွေက ပြောပါတယ်။
- ပြည်သူလူထုတွေအနေနဲ့ လာရောက်ပူးပေါင်းပြီး ရန်သူကိုအမြစ်ပြတ်တိုက်ထုတ်သွားမယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက ကရင့်အာဇာနည်နေ့အခမ်းအနားမှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။