Published
Friday, August 12, 2022
CDF-Zotung စစ်ဦးစီးချုပ်နဲ့ ရဲဘော် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ချင်း-မကွေးနယ်စပ်မှာ ဖမ်းဆီးသတ်ဖြတ်
- ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Zotung စစ်ဦးစီးချုပ်နဲ့ ရဲဘော် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ချင်း-မကွေးနယ်စပ်မှာ ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။
- ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းကျေးရွာက ဘုရားကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ်ခြေ ၅၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
- စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်ရင်း မျက်လုံးနှစ်ဖက်ဆုံးရှုံးခဲ့ရတဲ့ ချင်းသူရဲကောင်း တော်လှန်ရေးရဲဘော်တွေကို ချင်းရန်ပုံငွေအဖွဲ့က ဆေးဝါးကုသစရိတ်ကူညီဖို့ ပြင်ဆင်နေပါတယ်။