Published
Friday, June 24, 2022
မင်းတပ်မြို့နယ်မှာ တောင်ယာလုပ်ကိုင်နေတဲ့ပြည်သူ ၃ ဦး လက်နက်ကြီးထိမှန်သေဆုံး
- ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်ယာလုပ်နေတဲ့ အပြစ်မဲ့ပြည်သူ ၃ ဦး လက်နက်ကြီးဗုံးဆံထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။
- ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့မှာ စစ်ကောင်စီက မသင်္ကာမှုနဲ့ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ပါစတာတစ်ဦးအပါဝင် လူငယ် ၉ ဦးကို ထောင်ဒဏ်နှစ်ရှည်အသီးသီး ချမှတ်လိုက်တယ်လို့ သိရပါတယ်။
- ချင်းပြည်နယ် တီးတိန်မြို့နယ်က CDM နှစ်ဦးနဲ့ အရပ်သားတစ်ဦးကို Zomi Revolutionary Army (Eastern Command) တပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်ကာ နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။