Published
Friday, June 17, 2022
ထန်တလန်မြို့က သက်တမ်းအရင့်ဆုံးဘုရားကျောင်းတစ်ကျောင်း မီးရှို့ဖျက်ဆီးခံရ
- ချင်းပြည်နယ် ထန်တလန်မြို့က သက်တမ်းအရင့်ဆုံးဘုရားကျောင်းတစ်ခုဖြစ်တဲ့ ထန်တလန်နှစ်ခြင်းအသင်းတော်ဘုရားကျောင်း(Thantlang Baptist Church)ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
- ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် လူအင်အား၊ လက်နက်အင်အားမမျှတဲ့အတွက် CDF-ကန်ပက်လက် တပ်ရင်း ၂ Vakok စခန်းကို စွန့်လွှတ်လိုက်ရပါတယ်။
- ကလေးမြို့ထဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးရမ်းသန်းပစ်ခတ်တာကြောင့် လက်နက်ကြီးကျည် ၁၀ ကြိမ်ထက်မနည်းကျရောက်ပေါက်ကွဲပြီး ပြည်သူ ၇ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။